Home  / News  / News Details

သတင်း အသေးစိတ်

သီလဝါအိမ်ရာနှင့်ကနောင်အိမ်ရာတို့ရှိ တိုက်(၁၁)လုံး၊အခန်း (၃၀၈ )ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေဖြင့် ရောင်းချမည်

Jun 1, 2024  /

သီလဝါအိမ်ရာနှင့်ကနောင်အိမ်ရာတို့ရှိ တိုက်(၁၁)လုံး၊အခန်း (၃၀၈ )ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဇွန် (၁)ရက်။

Myanmar  Property Dealer

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကဆောက်လုပ်ထားတဲ့ သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့ရှိ တိုက်(၁၁)လုံး၊အခန်း (၃၀၈ )ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေး ငွေစနစ်ဖြင့်ချိတ်ဆက်ပြီး၂၀၂၄ ခုနှစ်ဇွန်လအတွင်းရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

 ဆောက်လုပ်ရေး၊အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့အထိ စုဆောင်းထားတဲ့ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း(၃၀)နှင့်အထက်ပြည်မီအောင်စုဆောင်းထားသူ (၂၁၈၉ ) ဦးစာရင်းတွင်ပါဝင်သူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ DUHD Sale Housing Facebook Page Messenger  မှတဆင့်စာရင်းပေးသွင်း လျှောက်ထားရမှာဖြစ်ပါတယ်။

အိမ်ရာလျှောက်ထားသူများအနေဖြင့်အိမ်ရာနှစ်ခုဖြစ်တဲ့အတွက် မိမိဝယ်ယူလိုတဲ့အိမ်ရာနှင့် အဆောက်အအုံ အမျိုးအစား ကို သေချာစွာစဉ်းစားပြီးမှသာစာရင်းပေးသွင်းရမှာဖြစ်ပြီး ငွေစုစာရင်းရှင်တစ်ဦးအတွက် ()ကြိမ်သာစာရင်းပေးသွင်းခွင့်ပြုမှာဖြစ်တယ်လို့သိရပြီးစာရင်းပေးသွင်းခြင်းကိုတော့ Messenger  မှတဆင့် ယခုလ(ဇွန်) (၁၀)ရက်နေ့မှ (၁၄)ရက် နေ့အထိပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။

 ဒါ့အပြင်စာရင်းပေးသွင်း လျှောက်ထားသူများအနေဖြင့် အဆောက်အအုံအမျိုးအစားအလိုက် ရောင်းချပေးနိုင်တဲ့အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယားအမှတ်စဉ် အစောဆုံး အမှတ်စဉ်များအားမဲနှိုက်ခွင့်ပြုမှာဖြစ်ပြီးအခန်းမဲနှိုက်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်တွင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပြီးအခန်းဝယ်ယူခွင့်ရရှိသူများအနေဖြင့်အိမ်ရာ‌ချေးငွေမဖြစ်မနေချေးယူရမှာဖြစ်ပါတယ်။

(ကိုမိုး)