သီလဝါအိမ်ရာနှင့်ကနောင်အိမ်ရာတို့ရှိ တိုက်(၁၁)လုံး၊အခန်း (၃၀၈ )ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဇွန်
(၁)ရက်။
Myanmar Property Dealer
ဆောက်လုပ်ရေးဝန်ကြီးဌာန
၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကဆောက်လုပ်ထားတဲ့ သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့ရှိ
တိုက်(၁၁)လုံး၊အခန်း (၃၀၈ )ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေး ငွေစနစ်ဖြင့်ချိတ်ဆက်ပြီး၂၀၂၄
ခုနှစ်ဇွန်လအတွင်းရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။
ဆောက်လုပ်ရေး၊အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့အထိ စုဆောင်းထားတဲ့ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း(၃၀)နှင့်အထက်ပြည်မီအောင်စုဆောင်းထားသူ (၂၁၈၉ ) ဦးစာရင်းတွင်ပါဝင်သူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ DUHD Sale Housing Facebook Page Messenger မှတဆင့်စာရင်းပေးသွင်း လျှောက်ထားရမှာဖြစ်ပါတယ်။
အိမ်ရာလျှောက်ထားသူများအနေဖြင့်အိမ်ရာနှစ်ခုဖြစ်တဲ့အတွက်
မိမိဝယ်ယူလိုတဲ့အိမ်ရာနှင့် အဆောက်အအုံ
အမျိုးအစား ကို သေချာစွာစဉ်းစားပြီးမှသာစာရင်းပေးသွင်းရမှာဖြစ်ပြီး
ငွေစုစာရင်းရှင်တစ်ဦးအတွက်
(၁)ကြိမ်သာစာရင်းပေးသွင်းခွင့်ပြုမှာဖြစ်တယ်လို့သိရပြီးစာရင်းပေးသွင်းခြင်းကိုတော့
Messenger မှတဆင့်
ယခုလ(ဇွန်)လ (၁၀)ရက်နေ့မှ
(၁၄)ရက် နေ့အထိပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင်စာရင်းပေးသွင်း လျှောက်ထားသူများအနေဖြင့် အဆောက်အအုံအမျိုးအစားအလိုက် ရောင်းချပေးနိုင်တဲ့အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယားအမှတ်စဉ် အစောဆုံး အမှတ်စဉ်များအားမဲနှိုက်ခွင့်ပြုမှာဖြစ်ပြီးအခန်းမဲနှိုက်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်တွင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပြီးအခန်းဝယ်ယူခွင့်ရရှိသူများအနေဖြင့်အိမ်ရာချေးငွေမဖြစ်မနေချေးယူရမှာဖြစ်ပါတယ်။
(ကိုမိုး)