ရခိုင်ပြည်နယ်အိမ်ခြံမြေဈေးကွက်အမေရိကားထက်တောင်ဈေးများနေတယ်
Myanmar Property Dealer
မတ်လ ( ၉)ရက်။
ရခိုင်ပြည်နယ် အိမ်ခြံမြေဈေးကွက်အခြေနေက လက်ရှိမှာအရောင်းအဝယ်အေးနေပြီး တချို့နေရာတွေမှာဆိုရင် အမေရိကားမှာရှိတဲ့အိမ်ခြံမြေဈေးတွေထက်တောင်ဈေးကြီးနေတယ်ဟု ဦးဆန်ရှားမောင် (စစ်တွေ)ကံပွင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကပြောပါတယ်။
‘’အရောင်းအဝယ်ကအေးနေတယ်။အေးနေတယ်ဆိုပေမယ့်လည်း လုံးဝမဖြစ်တာတော့မဟုတ်ပြန်ဘူး။သိန်း သုံးရာကနေ သိန်းထောင်ကျော်လေးတွေတော့ပါးပါးလေးဖြစ်နေကြတယ်။သိန်းသုံးထောင်၊သိန်း ငါးထောင်တွေကတော့အရောင်းအဝယ်ပါးတာပေါ့ ‘’ဟုလည်း ဦးဆန်ရှားမောင် (စစ်တွေ)ကဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနေ ၂၀၀၀ခုနှစ်အထိ
အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းကောင်းခဲ့ပြီး၊ ၂၀၂၁ခုနှစ်နောက်ပိုင်းမှာတော့ရခိုင်ပြည်နယ်
အိမ်ခြံမြေဈေးကွက်အေးနေတယ်ဟုလည်းသိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့ ကလည်းရခိုင်ပြည်နယ်သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်း နှင့် ခရီးသွားဝန်ဆောင်မှု ကဏ္ဍများ အတွက် ရုရှား - မြန်မာချစ်ကြည်ရေးအသင်း နဲ့ ပြည်တွင်းစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်းသိရပါတယ်။
#myanmarpropertydealer
#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD #yangon #property #stayinformed
#ရခိုင်အိမ်ခြံမြေ
#ငပလီ
#အိမ်ရာ