Home  / News  / News Details

News Details

ရခိုင်ပြည်နယ်အိမ်ခြံမြေဈေးကွက်အမေရိကားထက်တောင်ဈေးများနေတယ်

Mar 9, 2023  /

ရခိုင်ပြည်နယ်အိမ်ခြံမြေဈေးကွက်အမေရိကားထက်တောင်ဈေးများနေတယ်

 

Myanmar Property Dealer

မတ်လ ( ၉)ရက်။

 

 ရခိုင်ပြည်နယ် အိမ်ခြံမြေဈေးကွက်အခြေနေက လက်ရှိမှာအရောင်းအဝယ်အေးနေပြီး တချို့နေရာတွေမှာဆိုရင် အမေရိကားမှာရှိတဲ့အိမ်ခြံမြေဈေးတွေထက်တောင်ဈေးကြီးနေတယ်ဟု ဦးဆန်ရှားမောင် (စစ်တွေ)ကံပွင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကပြောပါတယ်။

 ‘’အရောင်းအဝယ်ကအေးနေတယ်။အေးနေတယ်ဆိုပေမယ့်လည်း လုံးဝမဖြစ်တာတော့မဟုတ်ပြန်ဘူး။သိန်း သုံးရာကနေ သိန်းထောင်ကျော်လေးတွေတော့ပါးပါးလေးဖြစ်နေကြတယ်။သိန်းသုံးထောင်၊သိန်း ငါးထောင်တွေကတော့အရောင်းအဝယ်ပါးတာပေါ့ ‘’ဟုလည်း ဦးဆန်ရှားမောင် (စစ်တွေ)ကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနေ ၂၀၀၀ခုနှစ်အထိ အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းကောင်းခဲ့ပြီး၊ ၂၀၂၁ခုနှစ်နောက်ပိုင်းမှာတော့ရခိုင်ပြည်နယ် အိမ်ခြံမြေဈေးကွက်အေးနေတယ်ဟုလည်းသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့ ကလည်းရခိုင်ပြည်နယ်သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်း နှင့် ခရီးသွားဝန်ဆောင်မှု ကဏ္ဍများ အတွက် ရုရှား - မြန်မာချစ်ကြည်ရေးအသင်း နဲ့ ပြည်တွင်းစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်းသိရပါတယ်။


#myanmarpropertydealer

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD #yangon #property #stayinformed

#ရခိုင်အိမ်ခြံမြေ

#ငပလီ

#အိမ်ရာ