ကျောက်ဖြူရေနက်စီမံကိန်း ပြန်လည်စတင်ရန်ပြင်ဆင်နေဟုဆို
နိုဝင်ဘာလ (၁၅)ရက်။
တိုက်ပွဲများကြောင့်
ရပ်တန့်နေတဲ့ ကျောက်ဖြူရေနက်စီမံကိန်းကို
ပြန်လည်စတင်ရန်ပြင်ဆင်နေတယ်လို့စီမံကိန်းတွင်ပါဝင်သူတစ်ဦးကပြောပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်
အထူးစီးပွားရေးဇုန်စီမံကိန်း
အကောင်အထည်ဖော်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ သဘောတူစာချုပ် စတင်ချုပ်ဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။
၂၀၂၃
ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နေပြည်တော်တွင် တရုတ် - မြန်မာနှစ်နိုင်ငံအကြား ထပ်မံလက်မှတ်ရေးထိုးခဲ့သော်လည်း
တိုက်ပွဲများကြောင့် မြေပြင်တွင်အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း
လည်းသိရပါတယ်။
အဆိုပါ
ကျောက်ဖြူရေနက်ဆိပ်ကမ်း
စီမံကိန်းကို မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံက ၇၀
ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး
ကွန်တိန်နာတင် သင်္ဘောများရပ်နားနိုင်သည့်
ဆိပ်ခံတံတား ဆယ်ခု ပါဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။