Home  / News  / News Details

News Details

ကျောက်ဖြူရေနက်စီမံကိန်း ပြန်လည်စတင်ရန်ပြင်ဆင်နေဟုဆို

Nov 15, 2024  /

ကျောက်ဖြူရေနက်စီမံကိန်း ပြန်လည်စတင်ရန်ပြင်ဆင်နေဟုဆို

နိုဝင်ဘာလ (၁၅)ရက်။ 

 တိုက်ပွဲများကြောင့် ရပ်တန့်နေတဲ့ ကျောက်ဖြူရေနက်စီမံကိန်းကို ပြန်လည်စတင်ရန်ပြင်ဆင်နေတယ်လို့စီမံကိန်းတွင်ပါဝင်သူတစ်ဦးကပြောပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ သဘောတူစာချုပ် စတင်ချုပ်ဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။

 ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နေပြည်တော်တွင် တရုတ် - မြန်မာနှစ်နိုင်ငံအကြား ထပ်မံလက်မှတ်ရေးထိုးခဲ့သော်လည်း တိုက်ပွဲများကြောင့် မြေပြင်တွင်အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း လည်းသိရပါတယ်။

 အဆိုပါ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကွန်တိန်နာတင် သင်္ဘောများရပ်နားနိုင်သည့် ဆိပ်ခံတံတား ဆယ်ခု ပါဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။