မြန်မာနိုင်ငံသားတွေရဲ့
ဝယ်လိုအား ဘန်ကောက်ကွန်ဒိုရောင်းအား(၂)ဆ
တက်။
မတ်လ
( ၂၉)ရက်။
Myanmar
Property Dealer
မြန်မာနိုင်ငံသားတွေရဲ့
ဝယ်လိုအားမြင့်တက်လာခြင်းနှင့်အတူ
ဘန်ကောက်မြို့တွင်းရှိ ဘတ်ငွေ
၂ သန်း ကနေ ၄ သန်းကြားတန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းများရဲ့ ရောင်းအား၂ဆမြင့်တက်လာတယ်လို့
The Nation သတင်းဌာနတွင် ဖော်ပြထားရှိပါတယ်။
ဒီလိုထိုင်းနိုင်ငံအတွင်းမှာကွန်ဒိုဝယ်လိုအားမြင့်တက်လာရခြင်းမှာ
ငွေကြေးချမ်းသာတဲ့ မြန်မာနိင်ငံသားတွေ ကနယ်မြေမတည်ငြိမ်ခြင်း၊ကလေးများပညာရေး၊ကျန်မာရေးတို့ကလည်း
ထိုင်းနိုင်ငံမှာသွားရောက်အခြေချနေထိုင်ခြင်းများထဲကတစ်ခုအပါအဝင်ဖြစ်တယ်လို့သိရပါတယ်။
COVID-19 မတိုင်ခင်နဲ့ ကိုဗစ်ကာလအတွင်းမှာ
ထိုင်းနိုင်ငံက ကွန်ဒိုအခန်းတွေကို ဝယ်ယူသူထိပ်တန်း နိုင်ငံခြားသားတွေမှာ
တရုတ်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်ဖြစ်ပြီး ၊ ပြီးခဲ့တဲ့နှစ်ကစတင်ပြီး မြန်မာနိုင်ငံသားတွေက အဆိုပါထိပ်တန်း
၃ နိုင်ငံထဲကိုရောက်ရှိလာတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း
မြန်မာနိုင်ငံသားတွေဝယ်လိုအား မြင့်တက်လာခြင်းကပြည်တွင်းထိုင်းနိုင်ငံသားတွေကိုရောင်းချရန်
အခက်တွေ့နေတဲ့ ထိုင်း developer များအတွက် ကောင်းကျိုးတစ်ခုဖြစ်လာတယ်လို့လည်းသိရပါတယ်။