Home  / News  / News Details

News Details

မြန်မာနိုင်ငံသားတွေရဲ့ ဝယ်လိုအား ဘန်ကောက်ကွန်ဒိုရောင်းအား(၂)ဆ တက်။

Mar 29, 2024  /

မြန်မာနိုင်ငံသားတွေရဲ့ ဝယ်လိုအား ဘန်ကောက်ကွန်ဒိုရောင်းအား(၂)ဆ တက်။

မတ်လ ( ၂၉)ရက်။

Myanmar Property Dealer

 

မြန်မာနိုင်ငံသားတွေရဲ့ ဝယ်လိုအားမြင့်တက်လာခြင်းနှင့်အတူ ဘန်ကောက်မြို့တွင်းရှိ ဘတ်ငွေ သန်း ကနေ သန်းကြားတန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းများရဲ့ ရောင်းအား၂ဆမြင့်တက်လာတယ်လို့ The Nation သတင်းဌာနတွင် ဖော်ပြထားရှိပါတယ်။

ဒီလိုထိုင်းနိုင်ငံအတွင်းမှာကွန်ဒိုဝယ်လိုအားမြင့်တက်လာရခြင်းမှာ ငွေကြေးချမ်းသာတဲ့ မြန်မာနိင်ငံသားတွေ ကနယ်မြေမတည်ငြိမ်ခြင်း၊ကလေးများပညာရေး၊ကျန်မာရေးတို့ကလည်း ထိုင်းနိုင်ငံမှာသွားရောက်အခြေချနေထိုင်ခြင်းများထဲကတစ်ခုအပါအဝင်ဖြစ်တယ်လို့သိရပါတယ်။

COVID-19 မတိုင်ခင်နဲ့ ကိုဗစ်ကာလအတွင်းမှာ ထိုင်းနိုင်ငံက ကွန်ဒိုအခန်းတွေကို ဝယ်ယူသူထိပ်တန်း နိုင်ငံခြားသားတွေမှာ တရုတ်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကစတင်ပြီး မြန်မာနိုင်ငံသားတွေက အဆိုပါထိပ်တန်း နိုင်ငံထဲကိုရောက်ရှိလာတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေဝယ်လိုအား မြင့်တက်လာခြင်းကပြည်တွင်းထိုင်းနိုင်ငံသားတွေကိုရောင်းချရန် အခက်တွေ့နေတဲ့ ထိုင်း developer များအတွက် ကောင်းကျိုးတစ်ခုဖြစ်လာတယ်လို့လည်းသိရပါတယ်။