Home  / News  / News Details

သတင်း အသေးစိတ်

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် က သက်သာသောနှုန်းထားဖြင့် အမိုးသွပ်များ ဈေးလျှော့ရောင်းချသွားမည်

Sep 18, 2024  /

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် က သက်သာသောနှုန်းထားဖြင့် အမိုးသွပ်များ ဈေးလျှော့ရောင်းချသွားမည်

 

စက်တင်ဘာ (၁၈)ရက်။

Myanmar Property Dealer

 

လက်တလောဖြစ်ပေါ်လျက်ရှိနေတဲ့ ရေကြီးရေလျှံမှုများကြောင့် အခက်အခဲရင်ဆိုင်နေရတဲ့ ရေဘေးသင့် ဒေသများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အမိုးသွပ် အချပ်ရေ (၃၀၀၀၀) ကျော်ကို ပေါက်ဈေးနှုန်း၏ (၄၀)ရာခိုင်နှုန်းလျော့ဈေးဖြင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ကရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြတဲ့ အလှူရှင်များ၊ အဖွဲ့အစည်းများ အနေဖြင့် လှူဒါန်းလိုသော မြို့နယ်၊ သွပ်ပြားအရေအတွက် မည်မျှလှူဒါန်းမည်တို့ကို ဖော်ပြပြီး လျှောက်လွှာ အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပြီး ဦးရာလူစနစ်ဖြင့် စိစစ်ရောင်းချ ပေးမှာဖြစ်တယ်လို့ လည်းသိရပါတယ်။