မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်
က သက်သာသောနှုန်းထားဖြင့် အမိုးသွပ်များ ဈေးလျှော့ရောင်းချသွားမည်
စက်တင်ဘာ
(၁၈)ရက်။
Myanmar
Property Dealer
လက်တလောဖြစ်ပေါ်လျက်ရှိနေတဲ့
ရေကြီးရေလျှံမှုများကြောင့် အခက်အခဲရင်ဆိုင်နေရတဲ့
ရေဘေးသင့် ဒေသများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်
အသုံးပြုနိုင်ရန်အတွက် အမိုးသွပ်
အချပ်ရေ (၃၀၀၀၀) ကျော်ကို ပေါက်ဈေးနှုန်း၏ (၄၀)ရာခိုင်နှုန်းလျော့ဈေးဖြင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ကရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။
ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ
လုပ်ဆောင်နေကြတဲ့ အလှူရှင်များ၊ အဖွဲ့အစည်းများ အနေဖြင့် လှူဒါန်းလိုသော မြို့နယ်၊ သွပ်ပြားအရေအတွက် မည်မျှလှူဒါန်းမည်တို့ကို ဖော်ပြပြီး
လျှောက်လွှာ အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပြီး
ဦးရာလူစနစ်ဖြင့် စိစစ်ရောင်းချ ပေးမှာဖြစ်တယ်လို့ လည်းသိရပါတယ်။