အင်းစိန်ရှိ မြေ ၂ ဒသမ ၂၆ ဧကနှင့် အဆောက်အဦ ၆ လုံးကို ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ်ရေးအတွက် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းမည်
အောက်တိုဘာ
၆ ရက် |
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီး၊
အင်းစိန်မြို့နယ်အတွင်းရှိ
မြေဧရိယာ ၂ ဒသမ ၂၆၆
ဧကနှင့် အဆောက်အဦ ၆ လုံးကို ရေခဲစက်ရုံနှင့်
အအေးခန်းများ တည်ဆောက်ကာ ငါး၊ ပုစွန်နှင့် ရေခဲပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန်
BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုမှာဖြစ်ပြီး
စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်များနဲ့ ကုမ္ပဏီများကို တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။
အဆိုပါမြေနေရာသည်
ရန်ကုန်တိုင်းဒေသကြီး၊
အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်ရှိ
ငါးလုပ်ငန်းဦးစီးဌာနပိုင်
မြေနေရာဖြစ်ပြီး စုစုပေါင်းမြေဧရိယာ ၉၈,၇၀၆ ဒသမ
၉၆ စတုရန်းပေ ကျယ်ဝန်းပြီး ယင်းမြေပေါ်တွင် အဆောက်အဦ ၆ လုံးရှိပြီး စုစုပေါင်းအဆောက်အဦဧရိယာမှာ
၇၆,၅၆၂ စတုရန်းပေရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါနေရာတွင်
ငါးဖမ်းလုပ်ငန်းများအပြင်
ရေခဲစက်ရုံနဲ့ အအေးခန်းများ တည်ဆောက်ခြင်း၊ ရေခဲ၊ ငါးနှင့် ပုစွန်များကို ပြုပြင်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားတယ်လို့ လည်းသိရပါတယ်။
ထို့အတွက်
အဆိုပါလုပ်ငန်းများကို
ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုတဲ့
လုပ်ငန်းရှင်များနှင့်
ကုမ္ပဏီများအနေဖြင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီးတင်ဒါအဆိုပြုလွှာနှင့်
စည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၃၀,၀၀၀ ဖြင့်
နေပြည်တော်ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစု၊ ရုံးအမှတ် (၃၆) တွင် အောက်တိုဘာ ၅ ရက်မှ ၁၆
ရက်အထိ ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
တင်ဒါလျှောက်လွှာများကို
အောက်တိုဘာ ၁၃ ရက်မှ ၁၆
ရက်အတွင်း ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၃၆)
သို့ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါဖွင့်လှစ်မည့်ရက်မှာ အောက်တိုဘာ ၂၀ ရက်ဖြစ်ပြီး
တင်ဒါနှင့်ပတ်သက်တဲ့
အသေးစိတ်အချက်အလက်များကို
သိရှိလိုပါက ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ဖုန်း ၀၆၇-၄၀၈၄၇၄ နှင့် ၀၉-၂၅၄၅၅၄၃၄၇ သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်း
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက အသိပေးထားရှိပါတယ်။