Home  / News  / News Details

News Details

အင်းစိန်ရှိ မြေ ၂ ဒသမ ၂၆ ဧကနှင့် အဆောက်အဦ ၆ လုံးကို ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ်ရေးအတွက် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းမည်

Oct 7, 2026  /

အင်းစိန်ရှိ မြေ ၂ ဒသမ ၂၆ ဧကနှင့် အဆောက်အဦ ၆ လုံးကို ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ်ရေးအတွက် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းမည်

အောက်တိုဘာ ၆ ရက် |

 Myanmar Property Dealer

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ မြေဧရိယာ ၂ ဒသမ ၂၆၆ ဧကနှင့် အဆောက်အဦ ၆ လုံးကို ရေခဲစက်ရုံနှင့် အအေးခန်းများ တည်ဆောက်ကာ ငါး၊ ပုစွန်နှင့် ရေခဲပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုမှာဖြစ်ပြီး စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်များနဲ့ ကုမ္ပဏီများကို တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။

အဆိုပါမြေနေရာသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်ရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် မြေနေရာဖြစ်ပြီး စုစုပေါင်းမြေဧရိယာ ၉၈,၇၀၆ ဒသမ ၉၆ စတုရန်းပေ ကျယ်ဝန်းပြီး ယင်းမြေပေါ်တွင် အဆောက်အဦ ၆ လုံးရှိပြီး စုစုပေါင်းအဆောက်အဦဧရိယာမှာ ၇၆,၅၆၂ စတုရန်းပေရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါနေရာတွင် ငါးဖမ်းလုပ်ငန်းများအပြင် ရေခဲစက်ရုံနဲ့ အအေးခန်းများ တည်ဆောက်ခြင်း၊ ရေခဲ၊ ငါးနှင့် ပုစွန်များကို ပြုပြင်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားတယ်လို့ လည်းသိရပါတယ်။

ထို့အတွက် အဆိုပါလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုတဲ့ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအနေဖြင့် တင်ဒါဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီးတင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၃၀,၀၀၀ ဖြင့် နေပြည်တော်ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစု၊ ရုံးအမှတ် (၃၆) တွင် အောက်တိုဘာ ၅ ရက်မှ ၁၆ ရက်အထိ ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

တင်ဒါလျှောက်လွှာများကို အောက်တိုဘာ ၁၃ ရက်မှ ၁၆ ရက်အတွင်း ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၃၆) သို့ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါဖွင့်လှစ်မည့်ရက်မှာ အောက်တိုဘာ ၂၀ ရက်ဖြစ်ပြီး

တင်ဒါနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ဖုန်း ၀၆၇-၄၀၈၄၇၄ နှင့် ၀၉-၂၅၄၅၅၄၃၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက အသိပေးထားရှိပါတယ်။