Home  / News  / News Details

သတင်း အသေးစိတ်

ရေဘေးကြောင့် အိမ်ခြံမြေဈေးကွက် စောင့်ကြည့်ရမည်ဟုဆို

Oct 11, 2024  /

ရေဘေးကြောင့် အိမ်ခြံမြေဈေးကွက် စောင့်ကြည့်ရမည်ဟုဆို

အောက်တိုဘာလ(၁၁) ရက်

Myanmar Property Dealer

နိုင်ငံတဝန်းဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်အခြေအနေကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ သိရပါတယ်။

ရေကြီးရေလျှံမှုမဖြစ်ပွားခင်အထိ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့်လည်း ယခုအခြေအနေတွင် ရပ်တန့်နေတယ်လို့လည်းသိရပါတယ်။

 " အရင်တုန်းကတော့အရောင်းအဝယ်လေးတွေဖြစ်တယ်။ မဆိုးဘူးပေါ့။ သိန်း (၁၀၀၀) အောက်တွေအရောင်းအဝယ်ဖြစ်တာများတယ်။ အကြီးတန်းတွေက အရောင်းအဝယ်ဖြစ်တာနည်းတယ်။ ဝါကျွတ်ကာလမှာ အရောင်းအဝယ်သွက်မယ်လို့မှန်းထားတာ။ အခုတော့ ရေဘေးကြောင့် မျှော်လင့်ချက်က တစ်ဝက်လောက်မရှိတော့ဘူး " ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တွင်လည်း သန်လျင်၊ကျောက်တန်း၊သုံးခွ၊ ဒဂုံလေးမြို့နယ်အစရှိတဲ့ မြို့သစ်ရပ် ကွက်များတွင် အရောင်းအဝယ်ပိုဖြစ်နေပြီး စက်မှုဇုန်ဘက်ခြမ်းတွင် ရင်းနှီးမြှုပ်နှံသူနည်းပါး နေသဖြင့် အရောင်းအဝယ်ပါးနေတယ်လို့လည်းသိရပါတယ်။