ရေဘေးကြောင့် အိမ်ခြံမြေဈေးကွက်
စောင့်ကြည့်ရမည်ဟုဆို
အောက်တိုဘာလ(၁၁) ရက်
Myanmar Property Dealer
နိုင်ငံတဝန်းဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်အခြေအနေကို
စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ သိရပါတယ်။
ရေကြီးရေလျှံမှုမဖြစ်ပွားခင်အထိ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့်လည်း
ယခုအခြေအနေတွင် ရပ်တန့်နေတယ်လို့လည်းသိရပါတယ်။
" အရင်တုန်းကတော့အရောင်းအဝယ်လေးတွေဖြစ်တယ်။
မဆိုးဘူးပေါ့။ သိန်း (၁၀၀၀) အောက်တွေအရောင်းအဝယ်ဖြစ်တာများတယ်။ အကြီးတန်းတွေက အရောင်းအဝယ်ဖြစ်တာနည်းတယ်။
ဝါကျွတ်ကာလမှာ အရောင်းအဝယ်သွက်မယ်လို့မှန်းထားတာ။ အခုတော့ ရေဘေးကြောင့် မျှော်လင့်ချက်က
တစ်ဝက်လောက်မရှိတော့ဘူး " ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ
တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တွင်လည်း သန်လျင်၊ကျောက်တန်း၊သုံးခွ၊ ဒဂုံလေးမြို့နယ်အစရှိတဲ့
မြို့သစ်ရပ် ကွက်များတွင် အရောင်းအဝယ်ပိုဖြစ်နေပြီး စက်မှုဇုန်ဘက်ခြမ်းတွင် ရင်းနှီးမြှုပ်နှံသူနည်းပါး
နေသဖြင့် အရောင်းအဝယ်ပါးနေတယ်လို့လည်းသိရပါတယ်။