မြန်မာနိုင်ငံတွင်
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ (၄၀)ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကိုနိုင်ငံခြားသားများအား
ရောင်းချပိုင်ခွင့်ရှိကြောင်းသိရ ။
ဖေဖော်ဝါရီ
(၁၇)ရက်။
Myanmar
Property Dealer
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ
(ကွန်ဒိုမီနီယံဥပဒေ)အရ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအနေဖြင့်
အိမ်ခန်းများဝယ်ယူမည်ဆိုပါကဝယ်ယူခွင့်ရှိနေပြီး၊ရောင်းချသူလုပ်ငန်းရှင်များအနေဖြင့်လည်း
နိုင်ငံခြားသားများကိုရောင်းချပါက ၄၀ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းများကိုရောင်းချခွင့်ရှိ
နေပြီဖြစ်ကြောင်း သိရပါတယ်။
‘’ကျွန်တော်အနေနဲ့ကတော့
ကွန်ဒိုတွေကိုနိုင်ငံခြားသားဝယ်ယူခွင့်၊ပိုင်ဆိုင်ခွင့်ဆိုတာမျိုးကို များများပေးသင့်
တယ်။ ဒါတွေကယူသွားလို့မရဘူး။သယံဇာတဆိုတာရင်တော့တူးပြီးတော့အကုန်ယူသွားမှာလေ။ နောက်ဆုံး
နိင်ငံခြား သားတွေကသူတို့ပိုင်ဆိုင်ထားတဲ့ကွန်ဒိုတွေကိုပြန်ရောင်းရင်လည်းဒီနိုင်ငံသား
တွေလက်ထဲ ပဲပြန်ရောက်မှာလေ ။မြေယာပိုင်ဆိုင်ခွင့်တွေကျတော့မပေးသင့်ဘူး။မြေပေါ်လစီကတော့ရှိထားရမယ်။’’ဟု
Myanmar Developer Association (MDA) ဥက္ကဌ ဦးသန်းနိုင် က အခုလိုပြောတာပါ။
ပြီးခဲ့တဲ့
နှစ် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ
ပြဋ္ဌာန်းလိုက်တဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ၏၄၀ရာခိုင်နှုန်းထက်မပိုသော
အိမ်ခန်းများကိုနိုင်ငံခြားသားများအားဤဥပဒေနှင့်အညီရောင်းချပိုင်ခွင့်ရှိသည်ဟုပါရှိကြောင်းတွေ့ရပါတယ်။