Home  / News  / News Details

新闻详情

မြန်မာနိုင်ငံတွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ (၄၀)ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကိုနိုင်ငံခြားသားများအား ရောင်းချပိုင်ခွင့်ရှိကြောင်းသိရ ။

Feb 17, 2023  /

မြန်မာနိုင်ငံတွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ (၄၀)ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကိုနိုင်ငံခြားသားများအား ရောင်းချပိုင်ခွင့်ရှိကြောင်းသိရ ။

ဖေဖော်ဝါရီ (၁၇)ရက်။

Myanmar Property Dealer

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ (ကွန်ဒိုမီနီယံဥပဒေ)အရ  မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအနေဖြင့် အိမ်ခန်းများဝယ်ယူမည်ဆိုပါကဝယ်ယူခွင့်ရှိနေပြီး၊ရောင်းချသူလုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံခြားသားများကိုရောင်းချပါက ၄၀ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းများကိုရောင်းချခွင့်ရှိ နေပြီဖြစ်ကြောင်း သိရပါတယ်။

‘’ကျွန်တော်အနေနဲ့ကတော့ ကွန်ဒိုတွေကိုနိုင်ငံခြားသားဝယ်ယူခွင့်၊ပိုင်ဆိုင်ခွင့်ဆိုတာမျိုးကို များများပေးသင့် တယ်။ ဒါတွေကယူသွားလို့မရဘူး။သယံဇာတဆိုတာရင်တော့တူးပြီးတော့အကုန်ယူသွားမှာလေ။ နောက်ဆုံး နိင်ငံခြား သားတွေကသူတို့ပိုင်ဆိုင်ထားတဲ့ကွန်ဒိုတွေကိုပြန်ရောင်းရင်လည်းဒီနိုင်ငံသား တွေလက်ထဲ ပဲပြန်ရောက်မှာလေ ။မြေယာပိုင်ဆိုင်ခွင့်တွေကျတော့မပေးသင့်ဘူး။မြေပေါ်လစီကတော့ရှိထားရမယ်။’’ဟု Myanmar Developer Association (MDA) ဥက္ကဌ ဦးသန်းနိုင် က အခုလိုပြောတာပါ။

ပြီးခဲ့တဲ့ နှစ် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က  ပြည်ထောင်စုလွှတ်တော်မှာ ပြဋ္ဌာန်လိုက်တဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ၏၄၀ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကိုနိုင်ငံခြားသားများအားဤဥပဒေနှင့်အညီရောင်းချပိုင်ခွင့်ရှိသည်ဟုပါရှိကြောင်းတွေ့ရပါတယ်။