ဩဂုတ်
- ၁၁
Myanmar
Property Dealer
စစ်ကိုင်းတိုင်းဒေသကြီး၊
စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေရန် ရည်ရွယ်ပြီးနန်းဦးမြို့သစ် ဝန်ထမ်းအိမ်ရာစီမံကိန်းကို အသစ်တည်ဆောက်ဖော်ဆောင်လျက်ရှိနေတယ်လို့သိရပါတယ်။
အဆိုပါ
ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့
ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် -၉ ရက်နေ့ က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တာပါ။
မန္တလေးငလျင်ဒဏ်ကြောင့်
ဝန်ထမ်းအိမ်ရာများ ပျက်စီးခဲ့မှုအခြေအနေ၊ အရာထမ်း၊ အမှုထမ်းများအတွက် အသစ်တည်ဆောက်လျက်ရှိတဲ့ အဆောက်အအုံ ခုနှစ် လုံး၊ စုစုပေါင်း အခန်း ၁၁၂ ခန်းကို မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း
(MDA) က တာဝန်ယူတည်ဆောက်လျက်ရှိပြီး
လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ
ဆောင်ရွက်လျက်ရှိကြောင်း
သိရပါတယ်။
ဒုတိယဝန်ကြီးက
ငလျင်ဒဏ်ကြောင့် လက်ရှိ Modular
Houses များတွင်
ယာယီနေထိုင်နေရတဲ့
ဝန်ထမ်းများအနေဖြင့်
ဝန်ထမ်းတိုက်ခန်းများသို့
အမြန်ဆုံး
ပြန်လည်နေထိုင်နိုင်ရေးအတွက်
တည်ဆောက်ရေးလုပ်ငန်းများကို
အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရပြီးဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရပါတယ်။