Home  / News  / News Details

News Details

ငလျင်ဒဏ်သင့် ဝန်ထမ်းများ အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး နန်းဦးမြို့သစ် ဝန်ထမ်းအိမ်ရာစီမံကိန်း ဖော်ဆောင်

Aug 11, 2026  /

ငလျင်ဒဏ်သင့် ဝန်ထမ်းများ အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး နန်းဦးမြို့သစ် ဝန်ထမ်းအိမ်ရာစီမံကိန်း ဖော်ဆောင်

ဩဂုတ် - ၁၁

Myanmar Property Dealer

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေရန် ရည်ရွယ်ပြီးနန်းဦးမြို့သစ် ဝန်ထမ်းအိမ်ရာစီမံကိန်းကို အသစ်တည်ဆောက်ဖော်ဆောင်လျက်ရှိနေတယ်လို့သိရပါတယ်။

အဆိုပါ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် -၉ ရက်နေ့ က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တာပါ။

မန္တလေးငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးခဲ့မှုအခြေအနေ၊ အရာထမ်း၊ အမှုထမ်းများအတွက် အသစ်တည်ဆောက်လျက်ရှိတဲ့ အဆောက်အအုံ ခုနှစ် လုံး၊ စုစုပေါင်း အခန်း ၁၁၂ ခန်းကို မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) က တာဝန်ယူတည်ဆောက်လျက်ရှိပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ဒုတိယဝန်ကြီးက ငလျင်ဒဏ်ကြောင့် လက်ရှိ Modular Houses များတွင် ယာယီနေထိုင်နေရတဲ့ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းတိုက်ခန်းများသို့ အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရပြီးဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။