Home  / News  / News Details

သတင်း အသေးစိတ်

ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် တည်ဆောက်မည်

Sep 9, 2025  /

 

ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် တည်ဆောက်မည်

စက်တင်ဘာ  ( ၁၀ )ရက် ။

Myanmar Property Dealer

 စစ်ကိုင်းမြို့နှင့် ဆက်စပ်လျက်ရှိတဲ့ဒေသများ လူနေမှုအဆင့်အတန်းနှင့် ဒေသတွင်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်းပြီး မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး အသင်းမှကူညီဆောင်ရွက်တဲ့ စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဈေးရုံ တည်ဆောက်မဲ့ မြေနေရာတွင်ကျင်းပခဲ့တယ်လို့သိရပါတယ်။

 

မြို့နေပြည်သူလူထုရဲ့ လိုအပ်နေတဲ့အခြေခံအဆောက်အဦ ဈေးများတည်ဆောက်ပေးခြင်း သည် ဒေသတွင်းစီးပွားရေး၊ လူမူရေးအခန်းကဏ္ဍများအား အထောက်အကူပြုလျက်ရှိပြီး ဒေသတွင်းကုန်စည်စီးဆင်းမှု မှန်ကန်လျင်မြန်မှသာ မိမိတို့ဒေသဖွံဖြိုးတိုးတက်လာမှာဖြစ်ပြီး စစ်ကိုင်းမြို့နှင့်ဆက်စပ်လျက်ရှိတဲ့ ဒေသများရဲ့ လူနေမှုအဆင့်အတန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အပံ့ကောင်း ဖြစ်လာနိုင်မှာဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်ကပြောကြားခဲ့ပါတယ်။

 အဆိုပါ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်သည် အလျား - ၁၀၀ ပေ၊ အနံ - ၁၀၀ ပေ၊ Steel Structure ထပ် အမျိုးအစားဖြစ်ကြောင်းသိရပါတယ်။