ရွှေမင်းဝံဈေး
မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် တည်ဆောက်မည်
စက်တင်ဘာ ( ၁၀ )ရက် ။
Myanmar Property Dealer
စစ်ကိုင်းမြို့နှင့် ဆက်စပ်လျက်ရှိတဲ့ဒေသများ လူနေမှုအဆင့်အတန်းနှင့် ဒေသတွင်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ
တရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့
ပူးပေါင်းလှူဒါန်းပြီး
မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး အသင်းမှကူညီဆောင်ရွက်တဲ့ စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို
စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင်
အဆိုပါဈေးရုံ တည်ဆောက်မဲ့ မြေနေရာတွင်ကျင်းပခဲ့တယ်လို့သိရပါတယ်။
မြို့နေပြည်သူလူထုရဲ့
လိုအပ်နေတဲ့အခြေခံအဆောက်အဦ
ဈေးများတည်ဆောက်ပေးခြင်း
သည် ဒေသတွင်းစီးပွားရေး၊ လူမူရေးအခန်းကဏ္ဍများအား အထောက်အကူပြုလျက်ရှိပြီး ဒေသတွင်းကုန်စည်စီးဆင်းမှု မှန်ကန်လျင်မြန်မှသာ မိမိတို့ဒေသဖွံဖြိုးတိုးတက်လာမှာဖြစ်ပြီး
စစ်ကိုင်းမြို့နှင့်ဆက်စပ်လျက်ရှိတဲ့
ဒေသများရဲ့ လူနေမှုအဆင့်အတန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများကို
အထောက်အပံ့ကောင်း ဖြစ်လာနိုင်မှာဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြတ်ကျော်ကပြောကြားခဲ့ပါတယ်။
အဆိုပါ
ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်သည်
အလျား - ၁၀၀ ပေ၊ အနံ - ၁၀၀ ပေ၊ Steel Structure ၁ ထပ် အမျိုးအစားဖြစ်ကြောင်းသိရပါတယ်။