အိမ်ဝယ်ပါက
ကာလတန်ဖိုး၏ ၄ ရာခိုင်နှုန်း အခွန်ဆောင်ရမည်
မတ်လ
( ၁၅)ရက်။
Myanmar Property Dealer
အိမ်ဝယ်ယူပါက
ရာဖြတ်လို့ခေါ်တဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးထားသော တန်ဖိုး၏ ၄ ရာခိုင်နှုန်းကို အခွန်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
အခွန်ဆောင်မည့်သူများအတွက်
၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်ထားတာပဲဖြစ်ပါတယ်။ အိမ်ခြံမြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းမှာ ၄ လအတွင်း ချုပ်ဆိုထားသော
အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)၊ ၁နှစ်အတွင်း ရေးဆွဲထားသော
ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆) ၊ အမည်ပေါက်မှ ရောင်းချခြင်း
(သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ၊ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ၊ ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )၊ ဝယ်ယူသူက အိမ်မြေ
လက်ခံရရှိပြီးကြောင်း
ဝန်ခံချက်၊ တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့
ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေကို
တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။ ရာဖြတ်လို့ခေါ်တဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ ရာခိုင်နှုန်း ဖိုးဝယ်ယူပြီး
ကပ်ရတာဖြစ်ပါတယ်။ အိမ်ခြံမြေဝယ်ပါက ဝယ်ယူမည့်ပစ္စည်းအတွက် ရာဖြတ် သတ်မှတ်ဈေးအတိုင်း မိမိတွင် ငွေဖြူ ရှိပါက ပိုပြီးသက်သာတယ်လို့သိရပါတယ်။
ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ
(သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေဖြစ်ပြီး
ငွေဖြူမရှိပါက သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း
၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း
၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း
၃၀၀၀၀ အထက်- ၃၀% တို့ကို ဝယ်ခွန် အဖြစ်ပေးဆောင်ရမယ်လို့ အခွန်ဥပဒေမှာပြဌာန်းထားပါတယ်။