Home  / News  / News Details

News Details

အိမ်ဝယ်ပါက ကာလတန်ဖိုး၏ ၄ ရာခိုင်နှုန်း အခွန်ဆောင်ရမည်

Mar 15, 2024  /

အိမ်ဝယ်ပါက ကာလတန်ဖိုး၏ ရာခိုင်နှုန်း အခွန်ဆောင်ရမည်

မတ်လ ( ၁၅)ရက်။

Myanmar  Property Dealer

အိမ်ဝယ်ယူပါက ရာဖြတ်လို့ခေါ်တဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးထားသော တန်ဖိုး၏ ရာခိုင်နှုန်းကို အခွန်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်ထားတာပဲဖြစ်ပါတယ်။ အိမ်ခြံမြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းမှာ လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆) အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ၊ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ()စုံ၊ ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ ) ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်၊ တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။ ရာဖြတ်လို့ခေါ်တဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ရာခိုင်နှုန်း ဖိုးဝယ်ယူပြီး ကပ်ရတာဖြစ်ပါတယ်။ အိမ်ခြံမြေဝယ်ပါက ဝယ်ယူမည့်ပစ္စည်းအတွက် ရာဖြတ် သတ်မှတ်ဈေးအတိုင်း မိမိတွင် ငွေဖြူ ရှိပါက ပိုပြီးသက်သာတယ်လို့သိရပါတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေဖြစ်ပြီး ငွေဖြူမရှိပါက သိန်း ၁၀၀၀ အောက်- % သိန်း ၁၀၀၀-၃၀၀၀ အထိ- % သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀% သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို ဝယ်ခွန် အဖြစ်ပေးဆောင်ရမယ်လို့ အခွန်ဥပဒေမှာပြဌာန်းထားပါတယ်။