သန်လျင်အမှတ်(၃)တံတားတည်ဆောက်နေမှု (၇၆%)ပြီးစီးနေ
ဧပြီလ
(၂၉ )ရက်။
Myanmar
Property Dealer
ရန်ကုန်
သာကေတမြို့နယ် နဲ့ သံလျင် သီလဝါ(အထူးစီးပွားရေးဇုန်)တို့ကို လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်စေဖို့အတွက်
တည်ဆောက်နေတဲ့ ပဲခူးမြစ်ကူး ရန်ကုန်-သန်လျင် အမှတ်(၃) တံတားတည်ဆောက်နေမှုလုပ်ငန်းစဉ်များအခုခါမှာဆိုရင် ၇၆%ပြီးစီးနေပြီးဖြစ်တယ်လို့သိရပါတယ်။
သန်လျင်အမှတ်(၃)တံတားကို ၂၀၁၉ခုနှစ် မေလကနေ စတင်
တည်ဆောက်ခဲ့တာဖြစ်ပြီး၊လာမယ့်
၂၀၂၄ ခုနှစ်အတွင်း တံတားတစ်ခု လုံး ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရှိရပါတယ်။
သန်လျင်အမှတ်
(၃)တံတားဟာဆိုရင် အခုအသုံးပြုနေတဲ့ ရန်ကုန်-သန်လျင် အမှတ်(၁)တံတား အနီးမှာ
တည်ဆောက်နေတာဖြစ်ပြီး
တံတားအရှည် (၃၅၀၀)မီတာရှည်လျားကာ တံတား အမျိုးအစားကတော့ သံကူ ကွန်ကရစ်. သံမဏိကြိုးဆိုင်းတံတား. သံမဏိရက်မ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
ပဲခူးမြစ်ကူး
ရန်ကုန်-သန်လျင်အမှတ်(၃)တံတားပြီးစီးပါက ယခုလက်ရှိ ရန်ကုန်မြို့တွင်
ကြုံတွေ့နေကြတဲ့ ယာဉ်ကြောပိတ်ဆို့မှုများလည်း
လျော့ပါးသက်သာသွားနိုင်ပြီး
ခရီးသွားများ အတွက်လည်း အချိန်ကုန်သက်သာစေနိုင်ပါတယ်။
ဒါ့အပြင် သန်လျင်မြို့နယ်အတွင်းမှာရှိတဲ့
သီလဝါ အထူးစီးပွားရေးဇုန်၊ ခရမ်း-သုံးခွအပါအဝင် ပဲခူးတိုင်းဒေသကြီး တစ်တိုင်းလုံးကိုလည်း လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မှာ ဖြစ်
တယ်လို့သိရှိရပါတယ်။
#ရန်ကုန်-သန်လျင်အမှတ်(၃)တံတား
#
အမှတ်(၃)တံတားတည်ဆောက်နေမှု (၇၆%)ပြီးစီး
#myanmarpropertydealer
#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD
#yangon #property #stayinformed