Home  / News  / News Details

新闻详情

သန်လျင်အမှတ်(၃)တံတားတည်ဆောက်နေမှု (၇၆%)ပြီးစီးနေ

Apr 29, 2023  /

သန်လျင်အမှတ်()တံတားတည်ဆောက်နေမှု (၇၆%)ပြီးစီးနေ

ဧပြီလ (၂၉ )ရက်။

Myanmar Property Dealer

ရန်ကုန် သာကေတမြို့နယ် နဲ့ သံလျင် သီလဝါ(အထူးစီးပွားရေးဇုန်)တို့ကို လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်စေဖို့အတွက် တည်ဆောက်နေတဲ့ ပဲခူးမြစ်ကူး ရန်ကုန်-သန်လျင်  အမှတ်() တံတားတည်ဆောက်နေမှုလုပ်ငန်းစဉ်များအခုခါမှာဆိုရင် ၇၆%ပြီးစီးနေပြီးဖြစ်တယ်လို့သိရပါတယ်။

သန်လျင်အမှတ်()တံတားကို ၂၀၁၉ခုနှစ် မေလကနေ စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး၊လာမယ့် ၂၀၂၄ ခုနှစ်အတွင်း တံတားတစ်ခု လုံး ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရှိရပါတယ်။

သန်လျင်အမှတ် ()တံတားဟာဆိုရင် အခုအသုံးပြုနေတဲ့ ရန်ကုန်-သန်လျင် အမှတ်()တံတား အနီးမှာ တည်ဆောက်နေတာဖြစ်ပြီး တံတားအရှည် (၃၅၀၀)မီတာရှည်လျားကာ တံတား အမျိုးအစားကတော့ သံကူ ကွန်ကရစ်. သံမဏိကြိုးဆိုင်းတံတား. သံမဏိရက်မ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ပဲခူးမြစ်ကူး ရန်ကုန်-သန်လျင်အမှတ်()တံတားပြီးစီးပါက ယခုလက်ရှိ ရန်ကုန်မြို့တွင် ကြုံတွေ့နေကြတဲ့ ယာဉ်ကြောပိတ်ဆို့မှုများလည်း လျော့ပါးသက်သာသွားနိုင်ပြီး ခရီးသွားများ အတွက်လည်း အချိန်ကုန်သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် သန်လျင်မြို့နယ်အတွင်းမှာရှိတဲ့ သီလဝါ အထူးစီးပွားရေးဇုန်၊ ခရမ်း-သုံးခွအပါအဝင် ပဲခူးတိုင်းဒေသကြီး တစ်တိုင်းလုံးကိုလည်း လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မှာ ဖြစ်

တယ်လို့သိရှိရပါတယ်။

#ရန်ကုန်-သန်လျင်အမှတ်()တံတား

# အမှတ်()တံတားတည်ဆောက်နေမှု (၇၆%)ပြီးစီး

#myanmarpropertydealer

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD #yangon #property #stayinformed