Home  / News  / News Details

သတင်း အသေးစိတ်

အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်ခံထားရတဲ့ သီရိမင်္ဂလာစျေးဟောင်း အဆောက်အအုံ ဖြိုဖျက်ရောင်းချမည်ဖြစ်၍ တင်ဒါခေါ်ယူ

Aug 14, 2023  /

အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်ခံထားရတဲ့ သီရိမင်္ဂလာစျေးဟောင်း အဆောက်အအုံ ဖြိုဖျက်ရောင်းချမည်ဖြစ်၍ တင်ဒါခေါ်ယူ

 

ဩဂုတ် ( ၁၄)ရက်။

Myanmar Property Dealer

 

               

ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် သီရိမင်္ဂလာစျေးဟောင်း ထပ် RC အဆောက်အအုံမှာ အန္တရာယ်ရှိသဖြင့် ဖြိုဖျက်ရောင်းချမှုများပြုလုပ်ရန် ရန်ကုန်မြို့တော်စည်ပင်မှ လုပ်ငန်းလုပ်ကိုင်လိုသူများအား နိုင်ငံပိုင်သတင်းစာများမှတဆင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်လျှက်ရှိပါတယ်။

တင်ဒါပုံစံနှင့်စည်းကမ်းချက် များကို ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ ၁၂ / ထပ်ရုံး၊ ၈လွှာ အင်ဂျင်နီယာဌာန (အဆောက်အအုံ)နေရာတွင် ဩဂုတ်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ   ရောင်းချသွားမှာဖြစ်ပြီးတင်ဒါတင်သွင်းရမယ့် နောက်ဆုံးရက်ကိုတော့ စက်တင်ဘာ ၁ရက်နေ့နောက်ဆုံးသတ်မှတ်ထားကြောင်းလည်းသိရပါတယ်။

သိရီမင်္ဂလာစျေးဟောင်းကို (၁၉၉၉)ခုနှစ်ကဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး ၊ ၂၀၁၀ခုနှစ်တွင် ယာဉ်ရောင်းဝယ်ရေးစခန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့တာပြီးနောက်၂၀၁၇ ခုနှစ်၊သြဂုတ် ၁၆ ရက်တွင် ရန်ကုန်မြို့ တော် စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ခဲ့တာဘဲဖြစ်ပါတယ်။

အဲဒီနောက် အဆောက်အအုံရှိလုပ်ငန်းများအား ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်ကတည်းက စတင်ပြီး သက်တမ်းတိုးခွင့်မပြုဘဲ ပိတ်သိမ်းပယ်ဖျက်ခဲ့ကာယာဉ်ရောင်းဝယ်ရေးစခန်းမှလူများကိုလည်း ပြောင်းရွှေ့ကြရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတိပေးစာများကပ်ကာ ကြေညာခဲ့တာဖြစ်ပါတယ်။