အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်ခံထားရတဲ့ သီရိမင်္ဂလာစျေးဟောင်း အဆောက်အအုံ
ဖြိုဖျက်ရောင်းချမည်ဖြစ်၍ တင်ဒါခေါ်ယူ
ဩဂုတ် ( ၁၄)ရက်။
Myanmar Property Dealer
ကြည့်မြင်တိုင်မြို့နယ်၊
ကမ်းနားလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်
သီရိမင်္ဂလာစျေးဟောင်း
၅ ထပ် RC အဆောက်အအုံမှာ အန္တရာယ်ရှိသဖြင့်
ဖြိုဖျက်ရောင်းချမှုများပြုလုပ်ရန်
ရန်ကုန်မြို့တော်စည်ပင်မှ
လုပ်ငန်းလုပ်ကိုင်လိုသူများအား
နိုင်ငံပိုင်သတင်းစာများမှတဆင့်
တင်ဒါတင်သွင်းရန် ဖိတ်ခေါ်လျှက်ရှိပါတယ်။
တင်ဒါပုံစံနှင့်စည်းကမ်းချက်
များကို ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊
၁၂ ၁/၂ ထပ်ရုံး၊ ၈လွှာ
အင်ဂျင်နီယာဌာန (အဆောက်အအုံ)နေရာတွင် ဩဂုတ်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရောင်းချသွားမှာဖြစ်ပြီးတင်ဒါတင်သွင်းရမယ့် နောက်ဆုံးရက်ကိုတော့
စက်တင်ဘာ ၁ရက်နေ့နောက်ဆုံးသတ်မှတ်ထားကြောင်းလည်းသိရပါတယ်။
သိရီမင်္ဂလာစျေးဟောင်းကို
(၁၉၉၉)ခုနှစ်ကဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး ၊
၂၀၁၀ခုနှစ်တွင် ယာဉ်ရောင်းဝယ်ရေးစခန်းအဖြစ်
စတင်ဖွင့်လှစ်ခဲ့တာပြီးနောက်၂၀၁၇ ခုနှစ်၊သြဂုတ်
၁၆ ရက်တွင် ရန်ကုန်မြို့ တော် စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ခဲ့တာဘဲဖြစ်ပါတယ်။
အဲဒီနောက်
အဆောက်အအုံရှိလုပ်ငန်းများအား
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်ကတည်းက စတင်ပြီး သက်တမ်းတိုးခွင့်မပြုဘဲ
ပိတ်သိမ်းပယ်ဖျက်ခဲ့ကာယာဉ်ရောင်းဝယ်ရေးစခန်းမှလူများကိုလည်း
ပြောင်းရွှေ့ကြရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
သတိပေးစာများကပ်ကာ ကြေညာခဲ့တာဖြစ်ပါတယ်။