Home  / News  / News Details

သတင်း အသေးစိတ်

ပါမစ်အမည်ပေါက် ကိုယ်တိုင်လျှောက်ထားရမည်ဖြစ်၍ပါမစ်မြေများအရောင်းအဝယ်တချို့အေးနေ

Jul 30, 2024  /

ပါမစ်အမည်ပေါက် ကိုယ်တိုင်လျှောက်ထားရမည်ဖြစ်၍ပါမစ်မြေများအရောင်းအဝယ်တချို့အေးနေ

ဇူလိုင် (၃၀)ရက်။

Myanmar Property Dealer

 

မြေချ(ပါမစ်) မှ ဂရန်သစ်လျှောက်ထားရာတွင် ပါမစ်မူရင်းအမည်ပေါက် ကိုယ်တိုင် လျှောက်ထားရတော့မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

ဒီလိုကြေညာစာအရ ပါမစ်မြေများအရောင်းအဝယ်တချို့ရပ်ဆိုင်းနေတယ်လို့လည်း အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ကိုင်သူများ ထံမှ သိရပါတယ်။

 ဒါ့အပြင် ပါမစ်မူရင်းတင်ပြပြီး နှစ်(၆၀)မြေငှားစာချုပ်(ဂရန်) လျှောက်ထားခြင်းများတွင် စက်မှုဇုန်၊ အိမ်ရာများအပါအဝင် မြေချပါမစ်မူရင်း အားလုံးပါမစ်အမည်ပေါက်၏ လျှောက်ထားမှုကိုသာ လက်ခံဆောင်ရွက်ရန် ညွှန်ကြားချက်လည်း ထုတ်ပြန်ထားရှိတယ်လို့သိရပါတယ်။

ယင်းအပြင် ပါမစ်အမည်ပေါက်ကွယ်လွန်ပါက ပါမစ်ရှိ မှီခိုသူများ၊ အမည်ပေါက်၏ ဇနီး ၊ ခင်ပွန်း တို့ကိုသာ အမည်ပေါက်အဖြစ်သတ်မှတ်၍ နှစ်(၆၀)မြေငှားစာချုပ်(ဂရန်) လျှောက်ထားမှုကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါပေမယ့် မိသားစုဝင်များနှင့် ဆက်သွယ်၍မရဘဲ အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူသူများမှ ပါမစ်မူရင်းတင်ပြလျှောက်ထားလာပါက သက်ဆိုင်ရာ တရားရုံးဒီကရီ(LA/ပုဒ်မ ၃၀၇(၂)မပါ) ရယူ၍ လျှောက်ထားမှုကို ပြည်တွင်းအခွန် အခွန်ထမ်းဆောင်ပြီးကြောင်း တင်ပြစေပြီးမှ ဆက်လက်ဆောင်ရွက်သွား မှာဖြစ်တယ်လို့လည်းသိရပါတယ်။ (သူသူ)