ပါမစ်အမည်ပေါက်
ကိုယ်တိုင်လျှောက်ထားရမည်ဖြစ်၍ပါမစ်မြေများအရောင်းအဝယ်တချို့အေးနေ
ဇူလိုင်
(၃၀)ရက်။
Myanmar
Property Dealer
မြေချ(ပါမစ်)
မှ ဂရန်သစ်လျှောက်ထားရာတွင် ပါမစ်မူရင်းအမည်ပေါက် ကိုယ်တိုင် လျှောက်ထားရတော့မှာဖြစ်တယ်လို့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
ဒီလိုကြေညာစာအရ
ပါမစ်မြေများအရောင်းအဝယ်တချို့ရပ်ဆိုင်းနေတယ်လို့လည်း အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ကိုင်သူများ
ထံမှ သိရပါတယ်။
ဒါ့အပြင် ပါမစ်မူရင်းတင်ပြပြီး နှစ်(၆၀)မြေငှားစာချုပ်(ဂရန်) လျှောက်ထားခြင်းများတွင် စက်မှုဇုန်၊ အိမ်ရာများအပါအဝင် မြေချပါမစ်မူရင်း အားလုံးပါမစ်အမည်ပေါက်၏ လျှောက်ထားမှုကိုသာ လက်ခံဆောင်ရွက်ရန် ညွှန်ကြားချက်လည်း ထုတ်ပြန်ထားရှိတယ်လို့သိရပါတယ်။
ယင်းအပြင်
ပါမစ်အမည်ပေါက်ကွယ်လွန်ပါက ပါမစ်ရှိ မှီခိုသူများ၊ အမည်ပေါက်၏ ဇနီး ၊ ခင်ပွန်း တို့ကိုသာ
အမည်ပေါက်အဖြစ်သတ်မှတ်၍ နှစ်(၆၀)မြေငှားစာချုပ်(ဂရန်) လျှောက်ထားမှုကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ဒါပေမယ့်
မိသားစုဝင်များနှင့် ဆက်သွယ်၍မရဘဲ အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူသူများမှ ပါမစ်မူရင်းတင်ပြလျှောက်ထားလာပါက
သက်ဆိုင်ရာ တရားရုံးဒီကရီ(LA/ပုဒ်မ ၃၀၇(၂)မပါ) ရယူ၍ လျှောက်ထားမှုကို ပြည်တွင်းအခွန်
အခွန်ထမ်းဆောင်ပြီးကြောင်း တင်ပြစေပြီးမှ ဆက်လက်ဆောင်ရွက်သွား မှာဖြစ်တယ်လို့လည်းသိရပါတယ်။
(သူသူ)