Yoma Central စီမံကိန်း ပြန်လည်စတင်နိုင်ရေး FMI နှင့် YSIL တို့ ရင်းနှီးမြှုပ်နှံမှုဖွဲ့စည်းပုံ
ပြန်လည်ပြင်ဆင်
အောက်တိုဘာ
( ၁၃ )ရက်
Myanmar
Property Dealer
ရိုးမစင်ထရယ်စီမံကိန်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အဆင့်လိုက် ပြန်လည်စတင်နိုင်ဖို့ FMI နဲ့
မိတ်ဖက်ကုမ္ပဏီ Yoma Strategic Holdings Limited တို့က ပြီးခဲ့တဲ့
အောက်တိုဘာ ၃ ရက်မှာ
သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ FMI က
ထုတ်ပြန်ထားပါတယ်။
သဘောတူညီချက်အရ FMI ရဲ့
အစုရှယ်ယာပိုင်ဆိုင်မှုကို ၁၂
ရာခိုင်နှုန်းကနေ ၂၀
ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာဖြစ်ပြီး Yoma Strategic Holdings က ၈၀
ရာခိုင်နှုန်း ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စီမံကိန်းမှာ အခြားမိတ်ဖက်တွေ ပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာ ၄၀
ရာခိုင်နှုန်းနဲ့ ရှယ်ယာရှင်ချေးငွေတွေကိုလည်း ဝယ်ယူသွားမှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၆၁.၇ သန်းခန့်ရှိတဲ့ ချေးငွေတွေကို ဒေါ်လာ
၅၅
သန်းနဲ့ ဝယ်ယူမှာဖြစ်ပြီး ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်တွေကို FMI နဲ့
Yoma Strategic Holdings တို့က
၂၀
ရာခိုင်နှုန်းနဲ့ ၈၀
ရာခိုင်နှုန်း အချိုးအတိုင်း ခွဲဝေခံစားသွားမှာ ဖြစ်ပါတယ်။