Home  / News  / News Details

新闻详情

Yoma Central စီမံကိန်း ပြန်လည်စတင်နိုင်ရေး FMI နှင့် YSIL တို့ ရင်းနှီးမြှုပ်နှံမှုဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်

Oct 12, 2026  /

Yoma Central စီမံကိန်း ပြန်လည်စတင်နိုင်ရေး FMI နှင့် YSIL တို့ ရင်းနှီးမြှုပ်နှံမှုဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်

အောက်တိုဘာ (   ၁၃  )ရက်

Myanmar Property Dealer

ရိုးမစင်ထရယ်စီမံကိန်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အဆင့်လိုက် ပြန်လည်စတင်နိုင်ဖို့ FMI နဲ့ မိတ်ဖက်ကုမ္ပဏီ Yoma Strategic Holdings Limited တို့က ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်မှာ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ FMI က ထုတ်ပြန်ထားပါတယ်။

သဘောတူညီချက်အရ FMI ရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုကို ၁၂ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာဖြစ်ပြီး Yoma Strategic Holdings က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စီမံကိန်းမှာ အခြားမိတ်ဖက်တွေ ပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းနဲ့ ရှယ်ယာရှင်ချေးငွေတွေကိုလည်း ဝယ်ယူသွားမှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၆၁.၇ သန်းခန့်ရှိတဲ့ ချေးငွေတွေကို ဒေါ်လာ ၅၅ သန်းနဲ့ ဝယ်ယူမှာဖြစ်ပြီး ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်တွေကို FMI နဲ့ Yoma Strategic Holdings တို့က ၂၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်း အချိုးအတိုင်း ခွဲဝေခံစားသွားမှာ ဖြစ်ပါတယ်။