သုခဒဂုံပြည်သူ့အငှားအိမ်ရာနေထိုင်ခွင့်မဲနှိုက်သည့်အပေါ်ဝေဖန်မှုအချို့ရှိခဲ့။
နိုဝင်ဘာလ(၁၇)ရက်။
Myanmar Property Dealer
ကနဦး
အခန်းနေထိုင်ခွင့် မဲနှိုက်ရာတွင်သတ်မှတ်ထားတဲ့စည်းကမ်းချက်များထဲတွင် မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများယူဆောင်ပြီးကိုယ်တိုင် လာရောက် မဲနှိုက်ရမှာဖြစ်ပြီးကိုယ်တိုင် လာရောက် နိုင်ခြင်းမရှိပါက ကာယကံရှင်ရဲ့ မှတ်ပုံတင် ကိုယ်စားလှယ် လွှဲစာများနှင့် လာရောက်ရမှာဖြစ်တယ်လို့ သတ်မှတ်ထားရှိ ထားတာပါ။
‘’တချို့က
သက်ကြီးရွယ်အိုပင်စင်စားတွေ၊လေဖြန်းတဲ့သူတွေလည်းပါတယ်။
လူကိုယ်တိုင်လာကြတယ်။ ဒါပေမယ့် မပေါက်ကြဘူး။တချို့ကျတော့ နာမည်တော့ပါတယ်။လူကိုယ်တိုင်မလာကြဘူး၊
သူတို့မနေခြင်၊ မလိုချင်တော့လို့လည်းဖြစ်မှာပေါ့၊အဲဒါလူမရှိတာကိုသူတို့ကိုယ်စားမဲနှိုက်ပေးကြတယ်။မဲပေါက်သွားကြတယ်။တချို့ဆိုရင်
တကယ့်ကိုနေစရာမရှိလို့လာပြီးလျှောက်ကြတာလေ။ဒါကို
အိမ်ပိုင်ရှိတဲ့သူတွေလာ လျောက်ကြ
တော့ တကယ့်အိမ်မရှိတဲ့သူတွေနစ်နာကြတာပေါ့’’ဟု
သုခဒဂုံအိမ်ရာဟစ်တိုင်တွင်ဝင်ရောက်ရေး
သားထား တာ ကို တွေ့ရှိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွင်းနေရေးအတွက်အခက်အခဲရှိသောပြည်သူများ၊အငြိမ်းစားဝန်ထမ်းများနှင့်လက်ရှိတာဝန်ထမ်းဆောင်ဆဲနိုင်ငံဝန်ထမ်းများအား
သတ်မှတ်ငှားရမ်းခ နှုန်းထား ဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုဖို့ကြေညာခဲ့ရာ
ပြည်သူ ၅၈၀၅ ဦး၊အငြိမ်းစားဝန်ထမ်း ၁၇၇၃ ဦး၊ ဝန်ထမ်း ၄၁၉၄ ဦး စုစုပေါင်း ၁၁၇၇၂
ဦး လျှောက်ထားလာကြတယ်လို့လည်းသိရပါတယ်။