Home  / News  / News Details

新闻详情

သုခဒဂုံပြည်သူ့အငှားအိမ်ရာနေထိုင်ခွင့်မဲနှိုက်သည့်အပေါ်ဝေဖန်မှုအချို့ရှိခဲ့။

Nov 17, 2023  /

သုခဒဂုံပြည်သူ့အငှားအိမ်ရာနေထိုင်ခွင့်မဲနှိုက်သည့်အပေါ်ဝေဖန်မှုအချို့ရှိခဲ့။

 နိုဝင်ဘာလ(၁၇)ရက်။

Myanmar  Property Dealer

 ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာတိုက်ခန်းငှားရမ်း နေထိုင်ခွင့် လျှောက်ထား သူများစာရင်းကို သက်ဆိုင်ရာကနေ စိစစ်ပြီး နိုဝင်ဘာ (၁၃)ရက်နှင့် (၁၄)ရက် နေ့များတွင်အဆိုပါသုခဒဂုံအိမ်ရာဝန်းအတွင်းရှိတိုက်ခန်းများရှေ့တွင်မဲနှိုက်ပေးခဲ့သော်လည်း တချို့မှာ လူကိုယ်တိုင်မလာဘဲမဲနှိုက်ပေးခဲ့တဲ့ဖြစ်စဉ်များရှိခဲ့တဲ့အပါ်ဝေဖန်မှုအချို့ရှိခဲ့တယ်လို့သိရပါတယ်။

ကနဦး အခန်းနေထိုင်ခွင့် မဲနှိုက်ရာတွင်သတ်မှတ်ထားတဲ့စည်းကမ်းချက်များထဲတွင် မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများယူဆောင်ပြီးကိုယ်တိုင် လာရောက် မဲနှိုက်ရမှာဖြစ်ပြီးကိုယ်တိုင် လာရောက် နိုင်ခြင်းမရှိပါက ကာယကံရှင်ရဲ့ မှတ်ပုံတင် ကိုယ်စားလှယ် လွှဲစာများနှင့် လာရောက်ရမှာဖြစ်တယ်လို့ သတ်မှတ်ထားရှိ ထားတာပါ။

‘’တချို့က သက်ကြီးရွယ်အိုပင်စင်စားတွေ၊လေဖြန်းတဲ့သူတွေလည်းပါတယ်။ လူကိုယ်တိုင်လာကြတယ်။ ဒါပေမယ့် မပေါက်ကြဘူး။တချို့ကျတော့ နာမည်တော့ပါတယ်။လူကိုယ်တိုင်မလာကြဘူး၊ သူတို့မနေခြင်၊ မလိုချင်တော့လို့လည်းဖြစ်မှာပေါ့၊အဲဒါလူမရှိတာကိုသူတို့ကိုယ်စားမဲနှိုက်ပေးကြတယ်။မဲပေါက်သွားကြတယ်။တချို့ဆိုရင်  တကယ့်ကိုနေစရာမရှိလို့လာပြီးလျှောက်ကြတာလေ။ဒါကို အိမ်ပိုင်ရှိတဲ့သူတွေလာ လျောက်ကြ တော့ တကယ့်အိမ်မရှိတဲ့သူတွေနစ်နာကြတာပေါ့’’ဟု သုခဒဂုံအိမ်ရာဟစ်တိုင်တွင်ဝင်ရောက်ရေး သားထား တာ ကို တွေ့ရှိရပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွင်းနေရေးအတွက်အခက်အခဲရှိသောပြည်သူများ၊အငြိမ်းစားဝန်ထမ်းများနှင့်လက်ရှိတာဝန်ထမ်းဆောင်ဆဲနိုင်ငံဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခ နှုန်းထား ဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုဖို့ကြေညာခဲ့ရာ ပြည်သူ ၅၈၀၅ ဦး၊အငြိမ်းစားဝန်ထမ်း ၁၇၇၃ ဦး၊ ဝန်ထမ်း ၄၁၉၄ ဦး စုစုပေါင်း ၁၁၇၇၂ ဦး လျှောက်ထားလာကြတယ်လို့လည်းသိရပါတယ်။