Home  / News  / News Details

သတင်း အသေးစိတ်

ရွှေဈေးမြင့်တက်မှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းပါ မြင့်တက်နေ

Jan 22, 2026  /

 

ရွှေဈေးမြင့်တက်မှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းပါ မြင့်တက်နေ

ဇန်နဝါရီ (၂၂)ရက်။

Myanmar Property Dealer

 ရွှေဈေးသိန်း ၁၀၀ ကျော်အထိမြင့်တက်နေချိန် အိမ်ခြံမြေဈေးနှုန်းကလည်း ဈေးမြင့်တက်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများထံမှ သိရပါတယ်။

ရွှေထက် မြေသီးသန့်ဝယ်ယူလိုသူများပြားလာပြီး အရှေ့ဒဂုံ၊မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းတို့တွင် အရောင်းအဝယ်ပိုဖြစ်နေတယ်လို့သိရပါတယ်။

 " ပြီးခဲ့တဲ့နှစ်ကဆို အိမ်ခြံမြေဈေးကငြိမ်တယ်။ အရောင်းအဝယ်ကတော့ရှိတာပေါ့။ အခုကျတော့ ရွှေဈေးကမတရားမြင့်တက်နေတာ။ ရွှေမဝယ်ပဲ မြေဘက်ကိုလှည့်လာကြတာ။ ဈေးတွေကမတရားထိုးတက်လာတာ။ မနှစ်က ၁၀၀၀ ခေါ်ထားတဲ့ဈေးက အခုဆို ၆၀၀၀ လောက်ဖြစ်နေပြီ" ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။

 အရှေ့ဒဂုံတွင် ပေ ၂၀-၆၀ တစ်ကွက်လျှင် သိန်း ၅၀၀၀ မှ သိန်း ၁၀၀၀၀ အထိပေါက်ဈေးရှိပြီး ပေ ၄၀-၆၀ တစ်ကွက်လျှင် ငွေကျပ် သိန်း ၁၀၀၀၀ အထက်တွင်ရှိနေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ရွှေဈေးနှုန်းကလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် သိန်း ၁၀၁၈၀၀၀၀ အထိပေါက်ဈေးရှိပြီး အရောင်းအဝယ်အေးနေတယ်လို့လည်းသိရပါတယ်။