ရွှေဈေးမြင့်တက်မှုနှင့်အတူ
အိမ်ခြံမြေဈေးနှုန်းပါ
မြင့်တက်နေ
ဇန်နဝါရီ
(၂၂)ရက်။
Myanmar
Property Dealer
ရွှေဈေးသိန်း ၁၀၀ ကျော်အထိမြင့်တက်နေချိန် အိမ်ခြံမြေဈေးနှုန်းကလည်း ဈေးမြင့်တက်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများထံမှ
သိရပါတယ်။
ရွှေထက်
မြေသီးသန့်ဝယ်ယူလိုသူများပြားလာပြီး
အရှေ့ဒဂုံ၊မြောက်ဒဂုံ၊
တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းတို့တွင် အရောင်းအဝယ်ပိုဖြစ်နေတယ်လို့သိရပါတယ်။
" ပြီးခဲ့တဲ့နှစ်ကဆို အိမ်ခြံမြေဈေးကငြိမ်တယ်။ အရောင်းအဝယ်ကတော့ရှိတာပေါ့။
အခုကျတော့ ရွှေဈေးကမတရားမြင့်တက်နေတာ။ ရွှေမဝယ်ပဲ မြေဘက်ကိုလှည့်လာကြတာ။ ဈေးတွေကမတရားထိုးတက်လာတာ။ မနှစ်က ၁၀၀၀ ခေါ်ထားတဲ့ဈေးက အခုဆို ၆၀၀၀ လောက်ဖြစ်နေပြီ" ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။
အရှေ့ဒဂုံတွင် ပေ ၂၀-၆၀
တစ်ကွက်လျှင် သိန်း ၅၀၀၀ မှ သိန်း ၁၀၀၀၀
အထိပေါက်ဈေးရှိပြီး ပေ ၄၀-၆၀
တစ်ကွက်လျှင် ငွေကျပ် သိန်း ၁၀၀၀၀ အထက်တွင်ရှိနေတယ်လို့လည်းသိရပါတယ်။
ဒါ့အပြင်
ရွှေဈေးနှုန်းကလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင်
သိန်း ၁၀၁၈၀၀၀၀ အထိပေါက်ဈေးရှိပြီး အရောင်းအဝယ်အေးနေတယ်လို့လည်းသိရပါတယ်။