ရန်ကုန်ရှိ
အိမ်ခြံမြေဈေးကွက်
ကြိုက်စျေးခေါ်၍
အရောင်းအဝယ်ဖြစ်နေ
ဇန်နဝါရီလ
(၂)ရက်။
Myanmar
Property Dealer
၂၀၂၄
နှောင်းပိုင်းဖြစ်ပွားလာတဲ့တိုက်ပွဲများကြောင့်
ရန်ကုန် မြို့ပေါ် ကို
စစ်ဘေးရှောင်သူများပြားလာခြင်းနှင့်အတူ
အိမ်ခြံမြေဈေးကွက်ကလည်း
ကြိုက်စျေးခေါ်ပြီး အရောင်းအဝယ်ဖြစ်နေကြတယ်လို့ အိမ်ခြံမြေစျေးကွက်လုပ်ငန်းလုပ်ကိုင်သူများရဲ့
ပြောပြချက်အရ သိရပါတယ်။
ရွှေ့ပြောင်းသူများလာခြင်းကြောင့်
အိမ်ခြံမြေ ဝယ်ရောင်းများရဲ့လက်ထဲတွင် ကြိုက်စျေးခေါ်ခြင်းများဖြစ်လာပြီး
စျေးနှုန်းတွေကလည်း ပုံမှန် ဝယ်ငှားစျေးများထက် ၃ ဆနီးပါးမြင့်တက်သွားတယ်လို့လည်းသိရပြီးအများစုမှာ တာမွေ၊
စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ ဗဟန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ သာကေတ၊ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင်
အများဆုံးငှားရမ်းမှုရှိကြတယ်လို့လည်းသိရပါတယ်။
ဒါ့အပြင်
အခြေခံလူတန်းစားများနေထိုင်ကြတဲ့
ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ
ယုဇနအိမ်ရာရှိ အခန်းခများသည်ပင်
၂၀၂၃
ခုနှစ်တွင် ပထမထပ်တိုက်ခန်း
ငှားရမ်းခသည် ကျပ် ၁ သိန်း ၂
သောင်း ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ကျပ် ၂ သိန်းမှ ၃
သိန်းခွဲအထိ စျေးပေါက်နေကြောင်း သိရပါတယ်။
အလားတူ
ဒဂုံမြို့သစ်မြောက်ပိုင်းရှိ
အိမ်ခြံမြေတွေကလည်း အရောင်းအဝယ်တော်တော်လိုက်နေသလို
အငှားဈေးကွက်တွေလည်း အလုပ်ဖြစ်နေကြတယ်လို့ အကျိုးတော်ဆောင်များကဆိုပါတယ်။