Home  / News  / News Details

新闻详情

ရန်ကုန်ရှိ အိမ်ခြံမြေဈေးကွက် ကြိုက်စျေးခေါ်၍ အရောင်းအဝယ်ဖြစ်နေ

Jan 2, 2025  /

ရန်ကုန်ရှိ အိမ်ခြံမြေဈေးကွက် ကြိုက်စျေးခေါ်၍ အရောင်းအဝယ်ဖြစ်နေ

ဇန်နဝါရီလ (၂)ရက်။

Myanmar Property Dealer

 

၂၀၂၄ နှောင်းပိုင်းဖြစ်ပွားလာတဲ့တိုက်ပွဲများကြောင့် ရန်ကုန် မြို့ပေါ် ကို စစ်ဘေးရှောင်သူများပြားလာခြင်းနှင့်အတူ အိမ်ခြံမြေဈေးကွက်ကလည်း ကြိုက်စျေးခေါ်ပြီး အရောင်းအဝယ်ဖြစ်နေကြတယ်လို့ အိမ်ခြံမြေစျေးကွက်လုပ်ငန်းလုပ်ကိုင်သူများရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေ့ပြောင်းသူများလာခြင်းကြောင့် အိမ်ခြံမြေ ဝယ်ရောင်းများရဲ့လက်ထဲတွင် ကြိုက်စျေးခေါ်ခြင်းများဖြစ်လာပြီး စျေးနှုန်းတွေကလည်း ပုံမှန် ဝယ်ငှားစျေးများထက် ဆနီးပါးမြင့်တက်သွားတယ်လို့လည်းသိရပြီးအများစုမှာ တာမွေ၊ စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ ဗဟန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ သာကေတ၊ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် အများဆုံးငှားရမ်းမှုရှိကြတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် အခြေခံလူတန်းစားများနေထိုင်ကြတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ယုဇနအိမ်ရာရှိ အခန်းခများသည်ပင်  ၂၀၂၃ ခုနှစ်တွင် ပထမထပ်တိုက်ခန်း ငှားရမ်းခသည် ကျပ် သိန်း သောင်း ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ကျပ် သိန်းမှ သိန်းခွဲအထိ စျေးပေါက်နေကြောင်း သိရပါတယ်။

 အလားတူ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေတွေကလည်း အရောင်းအဝယ်တော်တော်လိုက်နေသလို အငှားဈေးကွက်တွေလည်း အလုပ်ဖြစ်နေကြတယ်လို့  အကျိုးတော်ဆောင်များကဆိုပါတယ်။