Home  / News  / News Details

သတင်း အသေးစိတ်

ပုသိမ်လေယာဉ်ကွင်း နိုင်ငံတကာလေယာဉ်များဆင်းသက်နိုင်သည်အထိအဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

Jan 26, 2024  /

ပုသိမ်လေယာဉ်ကွင်း နိုင်ငံတကာလေယာဉ်များဆင်းသက်နိုင်သည်အထိအဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

ဇန်နဝါရီ (၂၆)ရက်

Myanmar Property Dealer

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်လေယာဉ်ကွင်းကို ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်စေရန်  ရည်ရွယ်၍ အဆင့်မြှင့်တင်နိုင်ရေးစီမံဆောင် ရွက် နေတယ်လို့သိရပါတယ်။

လေယာဉ်ကွင်းအတွင်းရှိလေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တဲ့ခိုင်မြဲရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်လျက်ရှိနေပြီး ပုသိမ်လေယာဉ်ကွင်း ကို နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ စီမံလျက်ရှိနေတယ်လို့လည်းသိရပါတယ်။

 ဧရာဝတီတိုင်းဒေသကြီးက ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များနှင့် အခြားအခြေခံကောင်းများကို ပိုင်ဆိုင်ထားတဲ့ ဒေသတစ်ခုလည်းဖြစ်တာကြောင့် ရန်ကုန်-ပုသိမ်လမ်းမကြီးကိုလည်းအဆင့်မြှင့်တင်ဆောင်ရွက်လျှက်ရှိနေတယ်လို့သိရပါတယ်။


လက်ရှိမြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၆၉ ခုအနက် အသုံးပြုလည်ပတ်နေတဲ့အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် ၃၁ ခု ရှိပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၂၈ လိုင်းနှင့် ပြည်တွင်းလေကြောင်းလိုင်း ၁၀ လိုင်း ပြေးဆွဲနေတာဖြစ်ပါတယ်။

#ပုသိမ်လေယာဉ်ကွင်း