ပုသိမ်လေယာဉ်ကွင်း နိုင်ငံတကာလေယာဉ်များဆင်းသက်နိုင်သည်အထိအဆင့်မြှင့်တင်နိုင်ရေး
စီမံဆောင်ရွက်လျက်ရှိ
ဇန်နဝါရီ (၂၆)ရက်
Myanmar Property Dealer
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်လေယာဉ်ကွင်းကို
ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းဖွံ့ဖြိုး
တိုးတက်စေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်နိုင်ရေးစီမံဆောင်
ရွက် နေတယ်လို့သိရပါတယ်။
လေယာဉ်ကွင်းအတွင်းရှိလေဆိပ်နှင့်
လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်
ရေရှည်တည်တဲ့ခိုင်မြဲရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်လျက်ရှိနေပြီး
ပုသိမ်လေယာဉ်ကွင်း ကို နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ စီမံလျက်ရှိနေတယ်လို့လည်းသိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက
ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များနှင့် အခြားအခြေခံကောင်းများကို ပိုင်ဆိုင်ထားတဲ့ ဒေသတစ်ခုလည်းဖြစ်တာကြောင့်
ရန်ကုန်-ပုသိမ်လမ်းမကြီးကိုလည်းအဆင့်မြှင့်တင်ဆောင်ရွက်လျှက်ရှိနေတယ်လို့သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၆၉ ခုအနက် အသုံးပြုလည်ပတ်နေတဲ့အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် ၃၁ ခု ရှိပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၂၈ လိုင်းနှင့် ပြည်တွင်းလေကြောင်းလိုင်း ၁၀ လိုင်း ပြေးဆွဲနေတာဖြစ်ပါတယ်။
#ပုသိမ်လေယာဉ်ကွင်း