Home  / News  / News Details

သတင်း အသေးစိတ်

၂၀၂၄ ခုနှစ်၏ ပထမကိုးလအတွင်း ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားများ၏ ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှု သုံးဆခန့်မြင့်တက်လာ

Nov 21, 2024  /

၂၀၂၄ ခုနှစ်၏ ပထမကိုးလအတွင်း ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားများ၏ ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှု သုံးဆခန့်မြင့်တက်လာ

 

နိုဝင်ဘာ(၂၁)ရက်။

Myanmar  Property Dealer

 

ထိုင်းနိုင်ငံအတွင်း  မြန်မာနိုင်ငံသားများ ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုက  ၂၀၂၄ ခုနှစ်ရဲ့ ပထမကိုးလအတွင်း သုံးဆခန့်မြင့်တက်လာတယ်လို့ အိမ်ခြံမြေသတင်းအချက်အလက် ဗဟို(REIC) ထုတ်ပြန်ချက်အရ သိရပါတယ် ။

၂၀၂၄ ခုနှစ်  ပထမကိုးလအတွင်း မြန်မာနိုင်ငံသားများ ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုက ယခင်နှစ် အလားတူကာလထက် သုံးဆမြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုများက တရုတ်နိင်ငံသားများပြီးပါက ဒုတိယနေရာတွင် ရှိနေတယ်လို့လည်းသိရှိရပါတယ်။

 

REIC စာရင်းများအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလ အထိ ဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံ(အမေရိကန်ဒေါ်လာ ၅၈ သန်းခန့်) တန်ဖိုးရှိတဲ့ ကွန်ဒိုမီနီယံ အခန်းများကို မြန်မာနိုင်ငံသားများထံ ရောင်းချခဲ့ရကြောင်းသိရပါတယ်။

 မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအိမ်ခြံမြေများ ဝယ်ယူမှုမြင့်တက်လာခဲ့ခြင်းဖြစ်ပြီးဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလပတ် ကာလအတွင်း မြန်မာနိုင်ငံသားများရဲ့  အိမ်ခြံမြေဝယ်ယူမှုက ၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း အချက်အလက်များအရ သိရပါတယ်။