၂၀၂၄
ခုနှစ်၏ ပထမကိုးလအတွင်း ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားများ၏ ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှု
သုံးဆခန့်မြင့်တက်လာ
နိုဝင်ဘာ(၂၁)ရက်။
Myanmar Property Dealer
ထိုင်းနိုင်ငံအတွင်း
မြန်မာနိုင်ငံသားများ
ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုက ၂၀၂၄ ခုနှစ်ရဲ့ ပထမကိုးလအတွင်း သုံးဆခန့်မြင့်တက်လာတယ်လို့ အိမ်ခြံမြေသတင်းအချက်အလက်
ဗဟို(REIC) ထုတ်ပြန်ချက်အရ သိရပါတယ် ။
၂၀၂၄
ခုနှစ် ပထမကိုးလအတွင်း
မြန်မာနိုင်ငံသားများ
ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုက
ယခင်နှစ် အလားတူကာလထက် သုံးဆမြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုများက
တရုတ်နိင်ငံသားများပြီးပါက ဒုတိယနေရာတွင်
ရှိနေတယ်လို့လည်းသိရှိရပါတယ်။
REIC စာရင်းများအရ ၂၀၂၄
ခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလ အထိ ဘတ်ငွေ ၅ ဒသမ ၄၆
ဘီလျံ(အမေရိကန်ဒေါ်လာ ၅၈ သန်းခန့်) တန်ဖိုးရှိတဲ့
ကွန်ဒိုမီနီယံ အခန်းများကို မြန်မာနိုင်ငံသားများထံ ရောင်းချခဲ့ရကြောင်းသိရပါတယ်။
မြန်မာနိုင်ငံအတွင်း
ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတိုက်ပွဲများကြောင့်
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအိမ်ခြံမြေများ
ဝယ်ယူမှုမြင့်တက်လာခဲ့ခြင်းဖြစ်ပြီးဇူလိုင်လမှ
စက်တင်ဘာလအထိ သုံးလပတ် ကာလအတွင်း မြန်မာနိုင်ငံသားများရဲ့ အိမ်ခြံမြေဝယ်ယူမှုက
၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း အချက်အလက်များအရ သိရပါတယ်။