ရင်းနှီးမြှုပ်နှံမှုပမာဏ
ငွေကျပ် ၅၉၀၀ သန်းဖြင့် Hyper Market (အဆင့်မြင့်ဈေး) ဘားအံတွင်တည်ဆောက်မည်
ကရင်ပြည်နယ်၏
မြို့တော် ဘားအံမြို့တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၅၉၀၀ သန်းဖြင့် Hyper
Market (အဆင့်မြင့်ဈေး) တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ဆိုင်ခန်းပေါင်း
၁၆၄ ခန်းပါဝင်မှာဖြစ်တဲ့ Hyper Market (အဆင့်မြင့်ဈေး)တည်ဆောက်ရန်အတွက် ဇူလိုင် ၄ ရက်
နေ့က ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော်ဘုရားအနီးရှိ အဆိုပါဈေးသစ် တည်ဆောက်မယ့်
မြေနေရာမှာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို
ကျင်းပခဲ့တယ်လို့သိရပါတယ်။
အဆိုပါဈေးသစ်ကြီးကို
Kayin State Development (Public) ကုမ္ပဏီလီမိတက်၏ ဦးဆောင်မှုဖြင့် အောင်ငွေဖူး ကုမ္ပဏီလီမိတက်က
မြေဧရိယာ ၃ ဒသမ ၆၄၂ ဧကပေါ်တွင် ၂၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့် လူနေဆိုင်ခန်း
၁၀ လုံး၊ ၃၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့်လူနေဆိုင်ခန်း ၁ လုံး၊ ၁၀၀ ပေ x ၁၀၀ ပေ
x RC ၄ ထပ် Hyper Market (အဆင့်မြင့်ဈေး) အဆောက်အဦများကို တာဝန်ယူ တည်ဆောက်သွားမှာဖြစ်ပြီး
မိမိကြိုက်နှစ်သက်ရာ ဈေးဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
(စုမွန်)