Home  / News  / News Details

News Details

ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၅၉၀၀ သန်းဖြင့် Hyper Market (အဆင့်မြင့်ဈေး) ဘားအံတွင်တည်ဆောက်မည်

Jul 6, 2024  /

ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၅၉၀၀ သန်းဖြင့် Hyper Market (အဆင့်မြင့်ဈေး) ဘားအံတွင်တည်ဆောက်မည်

ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၅၉၀၀ သန်းဖြင့် Hyper Market (အဆင့်မြင့်ဈေး) တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ခန်းပေါင်း ၁၆၄ ခန်းပါဝင်မှာဖြစ်တဲ့ Hyper Market (အဆင့်မြင့်ဈေး)တည်ဆောက်ရန်အတွက် ဇူလိုင် ၄ ရက် နေ့က ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော်ဘုရားအနီးရှိ အဆိုပါဈေးသစ် တည်ဆောက်မယ့် မြေနေရာမှာ  ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့တယ်လို့သိရပါတယ်။

အဆိုပါဈေးသစ်ကြီးကို Kayin State Development (Public) ကုမ္ပဏီလီမိတက်၏ ဦးဆောင်မှုဖြင့် အောင်ငွေဖူး ကုမ္ပဏီလီမိတက်က မြေဧရိယာ ၃ ဒသမ ၆၄၂ ဧကပေါ်တွင် ၂၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့် လူနေဆိုင်ခန်း ၁၀ လုံး၊ ၃၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့်လူနေဆိုင်ခန်း ၁ လုံး၊ ၁၀၀ ပေ x ၁၀၀ ပေ x RC ၄ ထပ် Hyper Market (အဆင့်မြင့်ဈေး) အဆောက်အဦများကို တာဝန်ယူ တည်ဆောက်သွားမှာဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ ဈေးဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ (စုမွန်)