ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနကို နိုင်ငံတော် ရဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၃၂ ဘီလီယံကျော်ဖြင့် ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေး စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နေတယ် လို့သိရပါတယ်။
အဆိုပါ ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁)မှ တာဝန်ယူဆောက်လုပ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသ စက်များ (Linear Accelerators - LA)အား၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် စတင် အသုံးပြုပြီး စုစုပေါင်းစက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်အထိ ဓာတ်ရောင်ခြည် ကုသမှုဆောင်ရွက်ပေးလျက်ရှိနေတယ်လို့လည်းသိရပါတယ်။