Home  / News  / News Details

News Details

ငွေကျပ် (၃၂)ဘီလျံကျော်ဖြင့် အကောင်အထည်ဖော်နေတဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ အမျိုးသားကင်ဆာရောဂါ (၈)ထပ် ကုသဆောင်

Jul 30, 2025  /

ငွေကျပ် (၃၂)ဘီလျံကျော်ဖြင့် အကောင်အထည်ဖော်နေတဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ အမျိုးသားကင်ဆာရောဂါ (၈)ထပ် ကုသဆောင်
ဇူလိုင် ၂၉ ရက်။
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနကို နိုင်ငံတော် ရဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၃၂ ဘီလီယံကျော်ဖြင့် ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေး စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နေတယ် လို့သိရပါတယ်။
အဆိုပါ ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁)မှ တာဝန်ယူဆောက်လုပ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသ စက်များ (Linear Accelerators - LA)အား၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် စတင် အသုံးပြုပြီး စုစုပေါင်းစက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်အထိ ဓာတ်ရောင်ခြည် ကုသမှုဆောင်ရွက်ပေးလျက်ရှိနေတယ်လို့လည်းသိရပါတယ်။