Home  / News  / News Details

新闻详情

ရုရှားတပ်ဖွဲ့တွေနှင့်အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ကျဆုံးစစ်သည်များအတွက်မြောက်ကိုရီးယားမှာအိမ်ရာအသစ်တစ်ခုဖော်ဆောင်

Feb 23, 2026  /

ရုရှားတပ်ဖွဲ့တွေနှင့်အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ကျဆုံးစစ်သည်များအတွက်မြောက်ကိုရီးယားမှာအိမ်ရာအသစ်တစ်ခုဖော်ဆောင်


ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေစဉ်အချိန်အတွင်း ကျဆုံးသွားခဲ့တဲ့ မြောက်ကိုရီးယားစစ်သား တွေရဲ့မိသားစုတွေအတွက် မြောက်ကိုရီးယားနိုင်ငံရဲ့မြို့တော် ပြုံးယမ်းမြို့မှာ အိမ်ယာအသစ်တစ်ခုကို တည်ဆောက်ပြီးသွားပြီလို့ မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဆိုပါ အိမ်ရာစီမံကိန်းသည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အထပ်မြင့်တိုက်ခန်းများ၊ လူနေအဆောက်အအုံများနှင့် လူမှုဝန်ဆောင်မှုဆိုင်ရာ အဆောက်အဦများ ပါဝင်ကြောင်း သိရပါတယ်။

ဖွင့်လှစ်ပွဲအခမ်းအနားတွင် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တက်ရောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပြီး အိမ်ရာစီမံကိန်းသည် ပြည်သူလူထုအတွက် လူနေမှုအဆင့်မြှင့်တင်ရေးကို ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဟွာဆောင်နယ်မြေအတွင်း တည်ဆောက်ထားတဲ့အဆိုပါ အိမ်ရာများတွင် ခေတ်မီဒီဇိုင်းပုံစံများ၊ ပန်းခြံများနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုအဆောက်အဦများကိုလည်း ပေါင်းစည်းထားတယ်လို့ လည်းသိရပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဓါတ်ပုံတွေမှာ ကင်ဂျုံအန်းက သမီးဖြစ်သူကင်ဂျူအေးနဲ့အတူ မြောက်ကိုရီးယား ကျဆုံးစစ်သားတွေရဲ့မိသားစုတွေရဲ့နေအိမ်ကိုသွားရောက်လည်ပတ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

 ပြီးခဲ့တဲ့ လတွေအတွင်း မြောက်ကိုရီးယားအစိုးရဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယားစစ်သားတွေအတွက် အောက်မေ့ဖွယ်နံရံတစ်ခုနဲ့ပြတိုက်တစ်ခုတည်ဆောက်တာလိုမျိုး လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။