Home  / News  / News Details

新闻详情

အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးက ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်

Jan 19, 2026  /

အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးက ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်

ဇန်နဝါရီ (၂၀)ရက်။

Myanmar Property Dealer

 

 ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဆောက်လုပ်နေတဲ့ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးရှိ ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်တယ်လို့  Sun Myat Tun Construction ကုမ္ပဏီလီမိတက်မှ စုံစမ်းသိရှိရပါတယ်။

လက်ရှိတွင် Lower Ground Floor နှင့် ၅ လွှာရှိ ဆိုင်ခန်းများကို ရောင်းချထားပြီးဖြစ်ကာ ၆ လွှာမှ ၈ လွှာအထိရောင်းချရန်ကျန်ရှိနေသေးတယ်လို့လည်းသိရပါတယ်။

 ရောင်းချရန်ကျန်ရှိတဲ့ဈေးဆိုင်ခန်းများရဲ့ နှုန်းထားမှာ ၁၀ ပေပတ်လည်တစ်ခန်းလျှင် ၂၃၀၀ ကျော်မှစရှိပြီး ကုမ္ပဏီတိုက်ရိုက်သော်လည်းကောင်း၊ ဘဏ်ချိတ်စနစ်ဖြင့်သော်လည်းကောင်း ဝယ်ယူရရှိနိုင်ပြီး ဘဏ်ချိတ်စနစ်ဖြင့်ဝယ်ယူပါက ၃ နှစ်မှ ၁၀ နှစ်အထိ ဝယ်ယူနိုင်တယ်လို့လည်းသိရပါတယ်။

 အဆိုပါ အဆင့်မြင့် မင်္ဂလာဈေးကြီးသည် နိုင်ငံတကာအဆင့်မီ လက်လီ ၊ လက်ကားဈေးကြီးဖြစ်ပြီး ၁၇ လွှာ အဆောက်အဦအဖြစ် တည်ဆောက်ထားပြီး၊ မြေညီ Upper Floor မှ ၄လွှာထိကို ယခင် ဈေးသူ ဈေးသားဟောင်းများအား ၅ ပေ ပတ်လည် ဆိုင်ခန်းများအဖြစ် ပြန်လည်နေရာချပေးထားကာဆိုင်ခန်းပေါင်း ၆ဝဝဝ ကျော် ပါရှိကြောင်း သိရပါတယ်။

 ဒါ့အပြင် တစ်နေရာတည်းမှ နယ်မြို့နေရာ အနှံ့အပြားသို့ လက်လီ/လက်ကား ရောင်းဝယ် ဖောက်ကားနိုင်တဲ့ တစ်ခုတည်းသော အဆင့်မြင့် လက်လီ/လက်ကား ဈေးကြီးဖြစ်လာမှာဖြစ်ပြီး မကြာမီဖွင့်လှစ်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။