Home  / News  / News Details

News Details

အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးက ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်

Jan 19, 2026  /

အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးက ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်

ဇန်နဝါရီ (၂၀)ရက်။

Myanmar Property Dealer

 

 ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဆောက်လုပ်နေတဲ့ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးရှိ ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်တယ်လို့  Sun Myat Tun Construction ကုမ္ပဏီလီမိတက်မှ စုံစမ်းသိရှိရပါတယ်။

လက်ရှိတွင် Lower Ground Floor နှင့် လွှာရှိ ဆိုင်ခန်းများကို ရောင်းချထားပြီးဖြစ်ကာ လွှာမှ လွှာအထိရောင်းချရန်ကျန်ရှိနေသေးတယ်လို့လည်းသိရပါတယ်။

 ရောင်းချရန်ကျန်ရှိတဲ့ဈေးဆိုင်ခန်းများရဲ့ နှုန်းထားမှာ ၁၀ ပေပတ်လည်တစ်ခန်းလျှင် ၂၃၀၀ ကျော်မှစရှိပြီး ကုမ္ပဏီတိုက်ရိုက်သော်လည်းကောင်း၊ ဘဏ်ချိတ်စနစ်ဖြင့်သော်လည်းကောင်း ဝယ်ယူရရှိနိုင်ပြီး ဘဏ်ချိတ်စနစ်ဖြင့်ဝယ်ယူပါက နှစ်မှ ၁၀ နှစ်အထိ ဝယ်ယူနိုင်တယ်လို့လည်းသိရပါတယ်။

 အဆိုပါ အဆင့်မြင့် မင်္ဂလာဈေးကြီးသည် နိုင်ငံတကာအဆင့်မီ လက်လီ လက်ကားဈေးကြီးဖြစ်ပြီး ၁၇ လွှာ အဆောက်အဦအဖြစ် တည်ဆောက်ထားပြီး၊ မြေညီ Upper Floor မှ ၄လွှာထိကို ယခင် ဈေးသူ ဈေးသားဟောင်းများအား ပေ ပတ်လည် ဆိုင်ခန်းများအဖြစ် ပြန်လည်နေရာချပေးထားကာဆိုင်ခန်းပေါင်း ၆ဝဝဝ ကျော် ပါရှိကြောင်း သိရပါတယ်။

 ဒါ့အပြင် တစ်နေရာတည်းမှ နယ်မြို့နေရာ အနှံ့အပြားသို့ လက်လီ/လက်ကား ရောင်းဝယ် ဖောက်ကားနိုင်တဲ့ တစ်ခုတည်းသော အဆင့်မြင့် လက်လီ/လက်ကား ဈေးကြီးဖြစ်လာမှာဖြစ်ပြီး မကြာမီဖွင့်လှစ်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။