ဥရောပရဲ့အိမ်ခြံမြေအကြပ်အတည်းကိုထိန်းညှိဖို့ကြိုးစားနေတဲ့ EU
ဒီဇင်ဘာ
( ၂၀)ရက်။
Myanmar Property Dealer
၂၀၂၅ ခုနှစ် ဒီဇင်ဘာ
၁၆ ရက်နေ့အထိနောက်ဆုံးရစစ်တမ်းများအရ
ဥရောပနိုင်ငံ ၁၇ နိုင်ငံတွင်အိမ်ခြေရာမဲ့ ၁
ဒသမ ၃ သန်းအထိရှိနေပြီး ဒီပမာဏဟာမြို့တစ်မြို့စာအထိများပြားတာပဲဖြစ်ပါတယ်။
ဒါ့အပြင်ပြီးခဲ့
၁၅ နှစ်တာကာလအတွင်း ဥရောပအိမ်ခြံမြေစျေးကွက်ဟာ
အရောင်းပိုင်းတွင် ၆၀ ရာခိုင်နူန်း နဲ့
အငှားစျေးကွက်တွင် ၃၀ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ Eurostat စာရင်းအင်းအဖွဲ့ ရဲ့ဖော်ပြချက်အရတွေ့ရပါတယ်။
ဥရောပနိုင်ငံများအနေနဲ့ခရီးသွားလည်ပတ်မှုများပြားတာကြောင့်အိမ်ခြံမြေအငှားစျေးကွက်မှာအမြင့်ပိုင်းကိုအမြဲရောက်ရှိနေတတ်ပြီးဝင်ငွေနည်းပါးတဲ့ဒေသခံတွေအတွက်နေထိုင်ရေးအခက်အခဲဖြစ်စေတာပဲဖြစ်ပါတယ်။
‘’တန်ဖိုးနည်းအိမ်ရာတည်ဆောက်နိုင်မှုဟာဥရောပအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတာပဲဖြစ်နေတယ်လို့
‘’ ဥရောပကော်မရှင်ဒုဥက္ကဌ
တယ်ရီဆာရီဘီရာ
ကပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ဒါကြောင့်
EU နိုင်ငံအာဏာပိုင်တွေအနေနဲ့
အလုပ်သမားရှားပါးမှုလျော့ချရန်
အလုပ်သင်အစီအစဥ်များကိုတိုးမြှင့်ပြီး ပတ်ဝန်းကျင်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများကိုလျော့ပေါ့ပေးပြီး
အဆောက်အအုံတည်ဆောက်မှုအရှိန်အဟုန်မြှင့်တင်ပေးဖို့စီစဥ်နေတယ်လို့သိရပါတယ်။
ဒါအပြင်ပုဂ္ဂလိကနှင့်အများပိုင်ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်းရင်းနှီးမြုပ်နှံဖို့
ရည်ရွယ်ထားပြီး
အဆိုပါရင်းနှီးမြုပ်နှံမှုဟာ
အိမ်ခြံမြေကဏ္ဉအတွက် ၂၀၂၉ ကာလအထိယူရို ၃၇၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၄၀ ဘီလီယံ) အထိအထောက်အပံဖြစ်စေမှာပဲဖြစ်ပါတယ်။
ကော်မရှင်အနေနဲ့ဒီလိုအပ်ချက်ကိုဖြည့်စည်းရန်နှစ်စဥ်
အိမ်အလုံးရေနှစ်သန်းအထိဆောက်လုပ်ဖို့လိုအပ်တယ်လို့ခန့်မှန်းထားတာပဲဖြစ်ပါတယ်။
Ref
- The Business Times