Home  / News  / News Details

News Details

ဥ‌ရောပရဲ့အိမ်ခြံမြေအကြပ်အတည်းကိုထိန်းညှိဖို့ကြိုးစားနေတဲ့ EU

Dec 19, 2025  /

ဥ‌ရောပရဲ့အိမ်ခြံမြေအကြပ်အတည်းကိုထိန်းညှိဖို့ကြိုးစားနေတဲ့ EU

ဒီဇင်ဘာ ( ၂၀)ရက်။

Myanmar  Property Dealer

 

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့အထိနောက်ဆုံးရစစ်တမ်းများအရ ရောပနိုင်ငံ ၁၇ နိုင်ငံတွင်အိမ်‌‌ခြေရာမဲ့ ဒသမ သန်းအထိရှိနေပြီး ဒီပမာဏဟာမြို့တစ်မြို့စာအထိများပြားတာပဲဖြစ်ပါတယ်။

 

ဒါ့အပြင်ပြီးခဲ့ ၁၅ နှစ်တာကာလအတွင်း ရောပအိမ်ခြံမြေစျေးကွက်ဟာ ‌‌ရောင်းပိုင်းတွင် ၆၀ ရာခိုင်နူန်း နဲ့ အငှားစျေးကွက်တွင် ၃၀ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ Eurostat စာရင်းအင်းအဖွဲ့ ရဲ့ဖော်ပြချက်အရတွေ့ရပါတယ်။

ဥရောပနိုင်ငံများအနေနဲ့ခရီးသွားလည်ပတ်မှုများပြားတာကြောင့်အိမ်ခြံမြေအငှားစျေးကွက်မှာအမြင့်ပိုင်းကိုအမြဲရောက်ရှိနေတတ်ပြီးဝင်ငွေနည်းပါးတဲ့ဒေသခံတွေအတွက်နေထိုင်ရေးအခက်အခဲဖြစ်စေတာပဲဖြစ်ပါတယ်။ ‘’တန်ဖိုးနည်းအိမ်ရာတည်ဆောက်နိုင်မှုဟာဥရောပအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတာပဲဖြစ်နေတယ်လို့ ‘’ ဥရောပကော်မရှင်ဒုဥက္ကဌ တယ်ရီဆာရီဘီရာ ကပြောကြားခဲ့တာပဲဖြစ်ပါတယ်။

 ဒါကြောင့် EU နိုင်ငံအာဏာပိုင်တွေအနေနဲ့ အလုပ်သမားရှားပါးမှုလျော့ချရန် အလုပ်သင်အစီအစဥ်များကိုတိုးမြှင့်ပြီး   ပတ်ဝန်းကျင်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများကိုလျော့ပေါ့ပေးပြီး အဆောက်အအုံတည်ဆောက်မှုအရှိန်အဟုန်မြှင့်တင်ပေးဖို့စီစဥ်နေတယ်လို့သိရပါတယ်။ ဒါအပြင်ပုဂ္ဂလိကနှင့်အများပိုင်ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်းရင်းနှီးမြုပ်နှံဖို့

ရည်ရွယ်ထားပြီး အဆိုပါရင်းနှီးမြုပ်နှံမှုဟာ အိမ်ခြံမြေကဏ္ဉအတွက် ၂၀၂၉ ကာလအထိယူရို ၃၇၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၄၀ ဘီလီယံ အထိအထောက်အပံဖြစ်စေမှာပဲဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ဒီလိုအပ်ချက်ကိုဖြည့်စည်းရန်နှစ်စဥ် အိမ်အလုံးရေနှစ်သန်းအထိဆောက်လုပ်ဖို့လိုအပ်တယ်လို့ခန့်မှန်းထားတာပဲဖြစ်ပါတယ်။

Ref - The Business Times