Home  / News  / News Details

新闻详情

စက်မှုဇုန်အသီးသီးရှိ စက်ရုံတစ်ခုချင်းစီ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ ထုတ်လုပ်မှုတန်ဖိုး၊ လုပ်သားဦးရေ၊ မြေအသုံးချမှုတို့ကို ပြုစုတင်ပြရန် လိုဟုသိရ။#

Oct 21, 2025  /

စက်မှုဇုန်အသီးသီးရှိ စက်ရုံတစ်ခုချင်းစီ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ ထုတ်လုပ်မှုတန်ဖိုး၊ လုပ်သားဦးရေ၊ မြေအသုံးချမှုတို့ကို ပြုစုတင်ပြရန် လိုဟုသိရ။

အောက်တိုဘာ ( ၂၁ )

Myanmar Property Dealer

 စက်မှုဇုန်အသီးသီးမှာရှိတဲ့ စက်ရုံတစ်ခုချင်းစီရဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး၊ ထုတ်လုပ်မှုတန်ဖိုး၊ မြင်းကောင်ရေအား၊ လုပ်သားဦးရေ၊ ထုတ်ကုန်ပစ္စည်းအမျိုးအစား၊ မြေအသုံးပြုမှုတို့ကို ပြုစုတင်ပြပေးစေ လိုတယ်လို့  စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (/၂၀၂၅)မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောလိုက်တာပါ။

 ဒါ့အပြင် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှသာ ဒေသအတွင်းမှာရှိတဲ့ ပြည်သူများရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းဒေသကြီး GDP တွင် စက်မှုကဏ္ဍကြီးရဲ့ ပါဝင်မှုအချိုးမြှင့်တင်နိုင်ခြင်းစတဲ့ အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။

လက်ရှိတွင် စက်မှုဇုန် ၂၈ ခု၊ စက်မှုရပ်ကွက် ခုနှင့် တည်ထောင်ဆဲစက်မှုဇုန်စီမံကိန်း ခုရှိနေတယ်လို့လည်းသိရပါတယ်။